Part 33: လမ်းက လူတစ်ယောက်အတွက်ပဲ လုံလောက်အောင် ကျယ်တယ်

584 69 3
                                    

Part 33: လမ်းက လူတစ်ယောက်အတွက်ပဲ လုံလောက်အောင် ကျယ်တယ် 

Unicode Ver

တကယ်တမ်း ပြန်တွေးကြည့်ပါက ဝေဝေသည်လည်း သူမ၏စကားများသည် အရမ်းကြောက်စရာကောင်းသည်ဟု ခံစားမိသည်။ သို့သော်လည်း တံခါးနားတွင် အငြင်းပွားဖို့အတွက်က အဟန့်ကောင်းနေဖို့ အရမ်းအရေးကြီးလေသည်။ အဲ့နောက်မှာတော့ ဝေဝေလည်း အလုပ်များနေတယ်ဆိုသည့် ဆင်ခြေကို သုံးကာ ချောင်ကွမ်းအား သူမနေရာတွင် အစားထိုးပြီး ကောင်လေးကို အခြေခံအင်္ဂလိပ်စာ သင်ပေးဖို့ တောင်းဆိုလိုက်တော့သည်။

အဲ့ဒါနဲ့ပဲ ကိစ္စအားလုံး ရှင်းရှင်းလင်းလင်းဖြစ်သွားတာကြောင့် သူမ ဘာကိုမှထပ်ရှင်းပြစရာ မလိုတော့ချေ။

ဒီလိုကိစ္စများ၏အမှန်တရားသည် အလွယ်တကူပဲ လိုရာဆွဲပြောနိုင်သောကြောင့် ဝေဝေ သူမ၏အဆောင်က သူများကိုပင် ပြောမပြခဲ့ပေ။ ထိုကိစ္စ ဖြစ်ပျက်ခဲ့သည်မှာ အရမ်းကြာပြီဖြစ်တာကြောင့် ဝေဝေသည်ပင် ထိုအကြောင်းကို အတော်လေး မေ့လုနီးပါးဖြစ်နေပြီဖြစ်သည်။ သူမက သူမ၏အခန်းဖော်များကို လိုရင်းတိုရှင်း ပြောပြလိုက်သည်။ ရှောင်လင်းက လေးစားစွာဖြင့် အာမေဍိတ်သံပြုလာတော့သည် “ ဒါက ဒရမ်မာတစ်ခုလိုပဲ။ ချောင်ကွမ်းက နင့်အပေါ်ခံစားချက်တွေ ရှိနေတာလား။ နင်တို့ဆက်ဆံရေး ဘာလို့မတိုးတက်လာခဲ့တာလဲ ”

“ အလိုလိုသိစိတ် ” ဝေဝေက စဉ်းစားရင်း ပြောလိုက်သည် “ အမ်၊ နောက်ပိုင်းမှာ ဒီ့ထက်ပိုကောင်းတဲ့သူရှိနေမယ်ဆိုတာ ငါ သိနေလို့ဖြစ်မယ် ”

လူတိုင်း ရှော့ရသွားတော့သည်။

စီစီက မေးလာသည် “ ဒါဆို ထူးချွန်တဲ့ လျန်မိန်းကလေးကလည်း နင့်ဘက်က ဘာလို့ပြောပေးတာလဲ ”

ဝေဝေလည်း အဲ့တစ်ယောက်နဲ့ပတ်သက်ပြီး သိပ်မသေချာချေ “ အဲ့တစ်ယောက်က၊ မေးစေ့ အရမ်းချွန်တယ်၊ ပြီးတော့ ငါ့ထက် အရပ်နည်းနည်းပိုပုပြီး၊ ခါးထိရှည်တဲ့ ဆံပင်အလိပ်လေးတွေရှိလား ”

ဝေဝေက သူမ မှတ်မိသည့် အသွင်အပြင်များအပေါ် အခြေခံ၍ သူမအား ပြန်ပြောလေသည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now