Part 27: ကိုယ် သည်းခံနိုင်မှာ မဟုတ်တော့ဘူး

656 85 0
                                    

Part 27: ကိုယ် သည်းခံနိုင်မှာ မဟုတ်တော့ဘူး

Unicode Ver

" မြစ်တွေကန်တွေထဲက အိပ်မက်ခရီးရှည် ၂ လား "

ရင်းနှီးကျွမ်းဝင်သော်လည်း ထူးဆန်းသည့် ဤအမည်သည် ဝေဝေအား ကွန်ပျူတာမှ ရှောင်းနိုင်ထံသို့ အကြည့်ရောက်သွားစေကာ သူမ မစဥ်းစားဘဲ ထုတ်ပြောမိလိုက်စေသည် " မြစ်တွေကန်တွေထဲက အိပ်မက်ခရီးရှည်က ဗားရှင်း ၂ ထွက်နေတာလား "

ဒီသတင်းကို သူမ ဘာလို့လုံးဝမကြားဖူးရတာလဲ။ ဒါ့အပြင် တာရှန်း၏ကွန်ပျူတာမှာ " အိပ်မက်ခရီးရှည် ၂ " ရဲ့ဇာတ်ကောင်ဒီဇိုင်းတွေကိုတောင် သူမ ကြည့်လို့ရတယ်။ ဒါက ဘာကိုဆိုလိုတာလဲ။

" ဒီဂိမ်းကို ရှင် လုပ်တာလား " ဝေဝေ မစဉ်းစားဘဲ မေးလိုက်သော်လည်း ထိုအရာကို အမြန်ပယ်ချသည် " အဲ့ဒါ မဖြစ်နိုင်ဘူး၊ 'အိပ်မက်ခရီးရှည်'က ဖုန်းထန်ကဆိုတာ ကျွန်မ မှတ်မိပါတယ် "

" 'အိပ်မက်ခရီးရှည်'က ဖုန်းထန်ကဆိုတာ အမှန်ပဲ။ ဒါပေမယ့် 'အိပ်မက်ခရီးရှည် ၂'ကို ကိုယ်တို့ ဖုန်းထန်နဲ့ ပူးပေါင်းဆောင်ရွက်ဖြစ်လိမ့်မယ် "

သူကား တီထွင်မှုတစ်ခုကို မပြောပြနေသည့်အလား သူ့အမူအယာနှင့် အသံက တည်ငြိမ်နေသည်။ ဝေဝေက သူမ ထိုသတင်းအကြောင်း မတွေးနိုင်ခင် တစ်မိနစ်လောက် ကြောင်အမ်းသွားခဲ့သည် " ဒါပေမယ့် အိပ်မက်ခရီးရှည် ၂ အကြောင်း ကျွန်မ မကြားဖူးသလိုပဲ "

" လူထုကို အသိမပေးရသေးဘူး "

ဝေဝေ ရုတ်တရက် သတိရသွားသည် " ဒါဆို ယောက်ျားတစ်ယောက်ကို ခိုးတဲ့ သူခိုးမလေး ဗီဒီယိုက...... "

ရှောင်းနိုင်က ခေါင်းခါလိုက်သည် " မဟုတ်ဘူး၊ ဗွီဒီယိုမူပိုင်ခွင့်အကြောင်းက မင်းထက် တစ်ရက်ကြိုပြီးပဲ ကိုယ် သိခဲ့တာ "

သူကား "အိပ်မက်ခရီးရှည် ၂"အား ဖုန်းထန်နှင့် ပူးပေါင်းဆောင်ရွက်သော်လည်း "အိပ်မက်ခရီးရှည် ၁"သည် သူနှင့် ဘာမျှမဆိုင်ပေ။ "အိပ်မက်ခရီးရှည် ၁"သည် ဖုန်းထန်နည်းပညာမှ ဖုန်းထန်ကော်ပိုရေးရှင်းအောက်တွင် ပထမဆုံးစီမံကိန်းအဖြစ် တီထွင်ထုတ်လုပ်ထားသည့် တစ်ခုတည်းသော ဝူရှဂိမ်းတစ်ခုဖြစ်သည်။ မတူညီသည့် ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့်အတွက် သူတို့၏စျေးကွက်အစီအစဉ်များကို မသိသည်မှာ သဘာဝကျသည်။ "အိပ်မက်ခရီးရှည် ၂"၏စီမံကိန်းကို မထိခိုက်ပါက ဖုန်းထန်က သူနှင့် ဆွေးနွေးရန် မလိုပေ။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now