Part 22: ကိုယ်ပဲ

722 110 18
                                    

Part 22: ကိုယ်ပဲ

Unicode Ver

စာမေးပွဲ ပြီးဆုံးသွားပြီဖြစ်သောကြောင့် ကျောင်းဂိတ်တံခါးရှိ လူအရေအတွက်သည် တဖြည်းဖြည်း တိုးများလာတော့သည်။ ဤထူးထူးခြားခြား ကြည့်ကောင်းသည့် နှစ်ယောက်အား ဖြတ်သွားသည့် လူတိုင်းနီးပါး သိသိသာသာ အရှိန်လျော့ကာ အနည်းငယ်ကြည့်ရှုကြလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ဝေဝေကတော့ ထိုအကြည့်များကို သတိမပြုမိပေ။ အဘယ့်ကြောင့်ဆိုသော် ရှောင်းနိုင် ပြောသည့် ဒုတိယစကားကြောင့် သူမ ကမ္ဘာအပြင်ဘက်သို့ ရောက်သွားသောကြောင့်ဖြစ်သည်။

ကိုယ် မင်းကို စောင့်နေတာ...

ကိုယ် မင်းကို စောင့်နေတာ...

ကိုယ် မင်းကို စောင့်နေတာ...

……

ဒီအသံက...

ဒီအသံက...

ဒီအသံက...

ဝေဝေသည် သူမရှေ့ရှိ လူကို ကြည့်ရင်း ရှုပ်ထွေးနေတော့သည်။ သူ့မျက်လုံးများထဲရှိ နေ၀င်ချိန်၏ရောင်ပြန်ဟပ်မှုသည် အရာအားလုံးကို အနည်းငယ်အိပ်မက်ဆန်ကာ နူးညံ့သိမ်မွေ့သွားစေပုံရသည်။ သူရဲ့အေးချမ်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ စိတ်ရှည်မှု…

ဝေဝေ သူမနှုတ်ခမ်းကို လှုပ်လိုက်သော်လည်း အသံတော့ ထွက်မလာခဲ့ပေ။ သူမ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူမစိတ်ထဲ ပရမ်းပတာဖြစ်နေမှုကို ထိန်းချုပ်လိုက်ကာ လုံးဝ မယုံကြည်နိုင်စွာ ပြောလိုက်သည် “ …နိုင့်ဟော်လား ”

သူမ၏အကြည့်ရှေ့က လူသည် သူမအား ငေးကြည့်နေရင်း တုန့်ဆိုင်းမှုမရှိ ပြန်ဖြေလေသည် “ ကိုယ်ပဲ ”

ထိုစက္ကန့်ပိုင်းအတွင်း ဝေဝေ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိလေသည် — အရမ်းကံကောင်းလို့ အရမ်းကံကောင်းလို့ သူမ ဒေါက်ဖိနပ်ကို မဝယ်ခဲ့မိတာ။ မဟုတ်ရင် သူမ လန့်သွားတာကြောင့် ဖိနပ်၏ဒေါက်ပါ ကျိုးသွားလိမ့််မယ်။

နိုင့်ဟော်ရှောင်းနိုင်နိုင့်ဟော်ရှောင်းနိုင်နိုင့်ဟော်ရှောင်းနိုင်…ထိုနာမည်နှစ်ခုသည် သူမစိတ်ထဲတွင် အမြဲပတ်ဝဲနေသော်လည်း သူမ အတူ မတွဲမိခဲ့ပေ။ နိုင့်ဟော်က ရှောင်းနိုင် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့ဒါ ဘယ်လိုဖြစ်နိုင်လဲ၊ အဲ့ဒါ ဘယ်လိုဖြစ်နိုင်လဲ...နိုင့်ဟော်က တာရှန်းလိုပဲလို့ သူမ ခံစားမိသော်လည်း သူက တာရှန်း ဖြစ်လိမ့်မည်ဟု သူမ လုံးဝ မတွေးခဲ့မိပေ…

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now