Part 5: မင်္ဂလာပွဲ

735 98 1
                                    

Part 5: မင်္ဂလာပွဲ

Unicode Ver

အဆုံးမှာတော့ ကွန်ပျူတာသိပ္ပံဌာနက နိုင်သွားခဲ့ပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်သွားတော့တယ်။ ကွန်ပျူတာသိပ္ပံဌာနကျောင်းသူကျောင်းသားတွေက အနိုင်ရမှုအတွက် အားပေးနေကြပေမယ့်လည်း ရှောင်းနိုင်ကတော့ အဆုံးထိတောင် ပေါ်မလာခဲ့ပေ။ အဲ့ဒါကြောင့် မိန်းကလေးတွေလည်း အတော်လေး စိတ်ပျက်သွားကြတော့သည်။

ပြီးသွားတဲ့အချိန်မှာတော့ ဝေဝေလည်း ချက်ချင်းပဲ သူမရဲ့အဆောင်ကို တဟုန်ထိုးပြေးသွားပြီး ဂိမ်းထဲ ဝင်လိုက်တော့သည်။ ဝင်လိုက်တဲ့အချိန်မှာပဲ ရီရှောင်း နိုင့်ဟော်ရဲ့အဗာတာက သူမရဲ့ friends listထဲမှာ လင်းနေတာကို တွေ့လိုက်ရတယ်။ ဝေဝေလည်း သူ့ကို မက်ဆေ့ချ်တစ်စောင် ပို့လိုက်တော့တယ်: " တောင်းပန်ပါတယ် ကျွန်မ နောက်ကျသွားတယ် "

ရီရှောင်း နိုင့်ဟော်: " ကိစ္စမရှိဘူး ယွဲ့လောင်ရဲ့ဘုရားကျောင်းကို လာခဲ့ပါ "

ဝေဝေလည်း ယွဲ့လောင်ရဲ့ဘုရားကျောင်းကို မြင်းစီးပြီး သွားလိုက်တယ်။ သို့သော်လည်း သူမရှေ့မှာ ရပ်နေသည့် ကြီးမားတဲ့ လူအုပ်ကြီးကြောင့် သူမ တုန်လှုပ်သွားခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူမ အထဲကို ဝင်သွားသည့်အချိန်မှာတော့ လူသိပ်မများပေ။ လူအနည်းငယ်သာ မတ်တပ်ရပ်လျက် အချင်းချင်း စကားပြောလျက်ရှိနေကြလေသည်။

ဝေဝေလည်း ရီရှောင်း နိုင့်ဟော်ဆီကို သွားလိုက်တော့သည်: " ဘယ်လိုလုပ် လူတွေအများကြီး ရောက်လာတာလဲ " ဝေဝေက သူမရဲ့သူငယ်ချင်းတစ်ယောက်မှကို လာဖို့ မခေါ်ခဲ့ပေ။ ဒီမင်္ဂလာပွဲကို သိပ်အလေးအနက် မထားတာကြောင့် ဖြစ်ပြီး နောက်တစ်ခုကတော့ သိပ်မကြာသေးခင်မှာ သူမ နောက်တစ်ခေါက် လက်ထပ်ခဲ့တာကို တခြားသူတွေကို ပြောပြဖို့ အနည်းငယ်ရှက်နေတာကြောင့် ဖြစ်သည်။

ရီရှောင်း နိုင့်ဟော် ပြောလိုက်သည်: " မင်း သူတို့ကို မေးသင့်တယ် "

ဝေဝေလည်း အခြားသူတွေကို ကြည့်လိုက်ပြီး သူတို့ထဲက အချိန်မီမိုးလို့ခေါ်တဲ့ တစ်ယောက်က ပြောလေတယ်: " ဟဲဟဲ ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ် ကျွန်တော်တို့အစည်းအရုံးက လူတွေအားလုံးကို ဘာမှလုပ်စရာမရှိရင် ဒီကိုလာဖို့ ကျွန်တော် ပြောခဲ့တယ်...သူတို့မြင်းတွေကို စီးကြပြီး မင်္ဂလာဝေါယာဥ်နောက်ကို နည်းနည်းစီ လိုက်ကြတဲ့အချိန်ကျရင် ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတစ်ခု ဖြစ်လိမ့်မယ် "

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now