Part 4 : မင်္ဂလာပွဲအကြို

850 108 1
                                    

Part 4 : မင်္ဂလာပွဲအကြို

Unicode Ver

လက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီဖြစ်သောကြောင့် ဒါဆို လူတိုင်းကို မိတ်ဆွေဟု သတ်မှတ်နိုင်ပေသည်။

ဟူးးး ဒီလိုတွေးခေါ်တာက နည်းနည်းတော့ ထူးဆန်းတယ်...

ထို့ပြင် ဒီနှစ်ရက်အတွင်း ဝေဝေလည်း ရီရှောင်း နိုင့်ဟော်ကို သဘောတူလိုက်ပြီး  ရီရှောင်း နိုင့်ဟော်ရဲ့ပုံမှန်အဖွဲ့ကိုတောင် ဝင်လိုက်သေးသည်။ နိုင့်ဟော်ရဲ့အဖွဲ့မှာလည်း အကုန်လုံးက ဆရာကြီးတွေကြီးပဲ ဖြစ်ကြသည်။ ဝေဝေနဲ့ အရင်ကတောင် သူတို့ထဲက စုံတွဲတစ်တွဲနဲ့ PKခဲ့သေးသည်။ သို့သော်လည်း သူမက သူတို့ရဲ့အိုင်ဒီတွေကိုပဲ သိခြင်းဖြစ်သည်။

ဝေဝေ သူတို့နဲ့ ပထမဆုံးတွေ့တဲ့ချိန်က ဒီလိုမျိုး ဖြစ်သည်။

ဟော်ကျီကျို့(မျောက်သေရည်): " ဟိုးဟိုး လူသစ်လေးပဲ "

ယွီကုန်း ပါရှန်(ယွီကုန်းတောင်ပေါ်တက်): " နိုင့်ဟော် ဒီမိန်းကလေးက ဘယ်သူလဲ "

ရီရှောင်း နိုင့်ဟော်: " ငါ့ဇနီးလောင်း "

သူပြောသွားသည်မှာ အတော်လေးကို သဘာဝကျလွန်းသောကြောင့် ဝေဝေလည်း အနည်းငယ်တော့ ဆွံ့အသွားတာကြောင့် ပြုံးနေသည့်မျက်နှာကို ရိုက်လိုက်ပြီး ပို့လိုက်တော့သည်: " လူတိုင်း မင်္ဂလာပါ ^_^ "

မော့ကျားထာ(သူ့ကိုမရိုက်ပါနဲ့): " Wow မရီးသုံး "

ယွီကုန်း ပါရှန်: " လခွမ်း နှစ်တစ်သောင်းလူပျိုကြီးလည်း လက်ထပ်တော့မှာလား "

လူတိုင်းက သူတို့ကို စနောက်လိုက် ဝမ်းမြောက်ကြောင်းပြောလိုက်နှင့် စကားတွေပြောနေကြသည်။ ထိုချိန်တွင် ရုတ်တရက် တစ်ယောက်ယောက်က ထပြောလိုက်သည်: " မရီးသုံးရဲ့အိုင်ဒီကို နည်းနည်းရင်းနှီးနေသလိုပဲ "

" အခု မင်း ပြောတော့မှ ငါလည်း အဲ့လိုထင်တယ်...မရီးသုံးက leaderboardပေါ်မှာ ပါတာလား "

ပွင့်လင်းပြီး ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ ဟော်ကျီကျို့က ပြောလိုက်သည်: " ငါ အခု မှတ်မိပြီ...ကျင်းရွှေ ဝူရှောင်ရဲ့ဇနီးဟောင်း လုဝေ ဝေဝေ ဟုတ်တယ်မလား "

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now