Part 10: ရက်စက်လွန်းတယ်...အရမ်းရက်စက်လွန်းတယ်

537 76 4
                                    

Part 10: ရက်စက်လွန်းတယ်...အရမ်းရက်စက်လွန်းတယ်

Unicode Ver

ယှဥ်...ယှဥ်...ယှဥ်တိုက်ဖို့လား

ဝေဝေလည်း လန့်ပြီး လျှာခေါက်မလိုပင်ဖြစ်သွားတော့သည်။ အချိန်အကြာကြီးနေမှ သူမ ပြောလိုက်သည်: " ကျင်းရွှေက ဘာလို့ယှဥ်တိုက်ဖို့ သဘောတူလိုက်တာလဲ "

ဘယ်လိုပဲကြည့်ကြည့် ကျင်းရွှေက အဲ့လိုစိတ်မြန်လက်မြန်ရှိတဲ့သူမျိုး မဟုတ်ပါဘူး

မြစ်တွေကန်တွေထဲက အိပ်မက်ခရီးရှည်ထဲတွင် တရားဝင်နှင့် ပြိုင်ပွဲများဆိုပြီး စုစုပေါင်းနှစ်ခု ရှိပေသည်။ တစ်ခုကတော့ စကေးလ်တိုးတက်တုန့်ပြန်မှုဖြစ်ပြီး PKအဖြစ် လူသိများပေသည်။ နောက်တစ်ခုကတော့ ယှဥ်တိုက်ခြင်းဖြစ်သည်။ မင်း စကေးလ်တိုးတက်တုန့်ပြန်မှုတွင် ရှုံးရင်တောင် experienceနဲ့ levelကို မဆုံးရှုံးသောကြောင့် အဆင်ပြေသေးသည်။ မင်းရဲ့တိုက်ပွဲ rankingသာ ကောင်းလိမ့်မည် မဟုတ်ပေ။ ယှဥ်တိုက်ခြင်းကတော့ ခြားနားပေသည်။ မင်းအနေနှင့် ယှဥ်တိုက်ခြင်းတွင် ရှုံးသွားသည့်အချိန်တိုင်း levelတစ်ခု ကျသွားလိမ့်မည်ဖြစ်သည်။ မင်းအနေနှင့် levelနိမ့်နေပါက ကျသွားသည့် levelအား အလွယ်တကူ ပြန်တက်နိုင် သောကြောင့် အဆင်ပြေသေးသည်။ မင်းက ဝေဝေတို့လို ကျင်းရွှေ ဝူရှောင်တို့လို levelအမြင့်မှာ ရှိနေရင်တော့ levelတစ်ခုကျသွားသည်မှာ မင်းရဲ့လဝက်လောက် အချိန်တွေက အချည်းအနှီးဖြစ်သွားပြီကို ဆိုလိုပေသည်။

ပြောစရာမလိုအောင်ပင် ကျင်းရွှေ ဝူရှောင်သည်လည်း ဂိမ်းကစားရန် ငွေအစစ်ကို သုံးသည့်သူတစ်ယောက် ဖြစ်သည်။ သူ့တန်ဆာပလာတွေနဲ့ ပစ္စည်းတွေ အားလုံးက ထိပ်တန်းအဆင့်ဖြစ်ကြသည်။ သို့သော်လည်း ယှဥ်တိုက်သည့်အခါ တာရှန်းနိုင့်ဟော်ကလည်း တူညီတဲ့ ထိပ်တန်းအဆင့်တန်ဆာပကလာတွေနဲ့ ယှဥ်ပြိုင်နိုင် ...

ပြောရရင်တော့ မင်းက သေခြင်းတရားကို ရှာဖွေနေသည်ဟု အဓိပ္ပါယ်ရသည်။

ဝေဝေက သူတို့နှစ်ယောက်လုံးနှင့် တွဲဖူးသည့်အတွက် သူတို့ရဲ့သန်မာမှုကို ကောင်းကောင်းနားလည်ပေသည်။ သူမ မကူညီနိုင်သော်လည်း သူတို့ကြားက ကွာဟချက်က အရမ်းကြီးမားလွန်းသည်ကိုတော့ ပြောနိုင်ပေသည်။ ကျင်း‌ရွှေ ဝူရှောင်က အများဆုံးမှ ဝေဝေနှင့် လက်ရည်တူတူလောက်ပဲ ရှိနေချိန်တွင် တာရှန်းနိုင့်ဟော်ကတော့ သေမျိုးလူသားတစ်ယောက်ပင် မဟုတ်တော့ဘဲ ကောင်းကင်ဘုံမှ မသေမျိုးတစ်ယောက်ဖြစ်လေသည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now