Part 36: ခရီးလမ်းဖြောင့်ဖြူးသာယာပါစေ

672 68 9
                                    

Part 36: ခရီးလမ်းဖြောင့်ဖြူးသာယာပါစေ

Unicode Ver

ဆည်းဆာနေဝင်တောင်ထိပ်တွင် အချိန်အတန်ကြာ တိတ်ဆိတ်နေ၏။

ပုံမှန်အချိန်ဆို တိကျမြန်ဆန်သော APM ရှိသည့် ဝတ်ရုံဖြူဝတ် ဂီတပညာရှင်လေးသည် စက္ကန့်အနည်းငယ်ကြာသွားသည်အထိ လက်ခံသည်အား မနှိပ်သေးပေ။

အမျိုးအစား: ဆံထိုး

အမည်: ဖာ့ဝေ (ဖန်တီးသူမှ အမည်ပေးထားခြင်းဖြစ်ပြီး တည်းဖြတ်နိုင်သည်)

[ ဖာ့ဝေ_ဖာ့မှာ ဆံကေသာဆိုလိုခြင်းဖြစ်ပြီး၊ ဝေမှာ ဝေဝေကို ဆိုလိုခြင်းဖြစ်သည် ]

အိုင်တမ်အမျိုးအစား: ရှားပါးသေမျိုးအိုင်တမ်

အဆင့်သတ်မှတ်ချက်: ၉၀

အချက်အလက်များ: +၁၅% ဂီတစွမ်းရည်၊ +၁၂% MP (Mana) အင်အားပြန်ပြည့်သည့် အမြန်နှုန်း၊ +၃၈ အမြန်နှုန်း၊ +၁၀၀၀ HP

ကြာရှည်ခံမှု: ၅၀၀/၅၀၀

အလုပ်အကိုင်: ဂီတပညာရှင်

ဖန်တီးသူ: လုဝေ ဝေဝေ

“ တကယ်တော့ အရင်တခေါက် ဖုန်းထန်ဆီက ဝိညာဥ်တိရစ္ဆာန်လေးကောင်အပြင် ရှားပါးကုန်ကြမ်းနှစ်ခုဖြစ်တဲ့ ထျန်းရှန်ကျောက်စိမ်းဖြူနဲ့ နဝမကောင်းကင်ဘုံရဲ့အပူမီးငြှိမ်းသတ်သူကိုလည်း ကျွန်မ ရခဲ့သေးတယ်၊ ဒါကို အဲ့နှစ်ခုရယ်၊ အရင်ကတည်းက စုထားတဲ့ကုန်ကြမ်းတွေနဲ့ လုပ်လိုက်တာ ”

“ ရှင့်မှာ ရှိတဲ့ဆံထိုးက အကောင်းဆုံးထဲက အကောင်းဆုံးဆိုပေမယ့် ကျွန်မက အဲ့ထက်ပိုကောင်းအောင် လုပ်နိုင်မလား သိချင်လို့လေ ”

သူမ တကယ်ပဲ အလွန်တန်ဖိုးကြီးသည့်အရာတစ်ခုကို ဖန်တီးနိုင်သွားသည်။

“ မြစ်တွေကန်တွေထဲက အိပ်မက်ခရီးရှည် ” တွင် System Bot မှ ပေးသော အဆင့်မြင့်ပစ္စည်းများကို နတ်ဘုရားအဆင့် မသေမျိုးလက်နက်များဟု ခေါ်ပြီး ကစားသမားများ ကိုယ်တိုင်ပြုလုပ်သောပစ္စည်းများကို သေမျိုးလက်နက်များဟု ခေါ်သည်။ သို့သော် သေမျိုးလက်နက်၏အချက်အလက်များသည် မသေမျိုးလက်နက်များအား မကျော်လွန်နိုင်ဟု မဆိုလိုပေ။ ဝေဝေ ပြုလုပ်ထားသော ဆံထိုးသည် သာမန်မသေမျိုးလက်နက်များထက် အချက်အလက်များ ပိုကောင်းသည့်လက်နက်များအထဲမှ တစ်ခုပင်။ သို့သော်လည်း ကစားသမားတစ်ဦးအတွက် ရှားပါးမသေမျိုးလက်နက်တစ်ခုကို ဖန်တီးရန်မှာ အလွန်ခက်ခဲလေသည်။ ရှားပါးမသေမျိုးလက်နက်တစ်ခု ဖန်တီးရန်မှာ အဖိုးတန်ကုန်ကြမ်းပစ္စည်းများနှင့် ထိုကစားသမားသည် အချက်အလက်များ မြင့်မားရန် လိုအပ်သည့်အပြင် ဖြစ်နိုင်ခြေအပေါ်လည်း မူတည်သေးသည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now