Part 16: ကိုယ်နဲ့အတူ

531 78 8
                                    

Part 16: ကိုယ်နဲ့အတူ

Unicode Ver

ဝေဝေ သူမသူငယ်ချင်းတွေ မေးမြန်းထားတာတွေအားလုံးကို ကပျာကယာပြန်ဖြေလိုက်သည်။ ထိုအချိန်အတောအတွင်း နိုင့်ဟော်ဆီမှ စာတစ်‌စောင်မှ ရောက်မလာခဲ့ပေ။ ဝေဝေလည်း worldချန်နယ်ကို ပိတ်ရန် မောက်စ်ကို ရွေ့လိုက်သည့်အချိန်မှပဲ အရာအားလုံးက ငြိမ်သက်သွားတော့သည်။

ကွန်ပျူတာစခရင်မ်က မဲနေဆဲဖြစ်သည်။ အနီရောင်သူရဲကောင်းမလေး၏အရိပ်က ပေါ်နိုင်ရုံလောက်သာ အနီရောင်သူရဲကောင်းမလေး၏ကိုယ်သည် အနည်းငယ်လင်းနေလေသည်။ စခရင်မ်ကို ကြည့်နေရင်း ဝေဝေ အနည်းငယ်အထီးကျန်ခြင်းကို ဖြည်းဖြည်းချင်း စတင်ခံစားလာရတော့သည်။

ဂိမ်းထဲက အစည်းအရုံးများသည် တကယ်တော့ ဘာမှမဟုတ်သည်မှာ မှန်လေသည်။ သို့သော်လည်း ဒါသည် အနည်းဆုံးတော့ အမှတ်တရတစ်မျိုးပဲဖြစ်သည်။ သူမက သည်ထဲတွင်ပဲ မြှုပ်နှံထားသည်။ ထို့ကြောင့်ပဲ သူမ ပျော်ရွှင်ရသည်။ ရုတ်တရက် ထွက်ခွာခြင်းကို သူမ နောင်တရချင်မှ ရလိမ့်မည်။ သို့သော်လည်း စိတ်ထိခိုက်ခြင်းနဲ့ အားမလိုအားမရဖြစ်ခြင်းကိုတော့ ရှောင်ရှားရန် ခက်ခဲလေသည်။

ထို့ပြင် သူမက ဒီလိုပုံစံနဲ့ ထွက်လာခဲ့သည်။

ထို့ပြင် ဤချိန်တွင် system botကတောင် သူမကို မှောင်မဲတဲ့အခန်းလေးတစ်ခုထဲတွင် ပိတ်ထားသေးသည် >o<

ဝေဝေသည် ကိစ္စတစ်ခုနှင့်ပတ်သက်ပြီး အရမ်းတွေးတတ်သူ မဟုတ်သော်လည်း ဤကဲ့သို့တိတ်ဆိတ်ပြီး ပျင်းရိဖွယ်ကောင်းသည့်မျက်နှာပြင်နှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ သူမ ဖြည်းဖြည်းချင်း အနည်းငယ်ဝမ်းနည်းလာတော့သည်။ အနီရောင်သူရဲကောင်းမလေးကို ရှေ့နောက်လမ်းလျှောက်ခိုင်းရန် သူမ မောက်စ်ကို ကြုံရာနှိပ်လိုက်တော့သည်။ သူမ စက်ဝိုင်းတော်တော်များများ လမ်းလျှောက်ပြီးတဲ့နောက်မှာတောင် သူမ အဲ့ကနေ မရုန်းထွက်နိုင်သေးပေ။ မျိုသိပ်ထားရသည့် ခံပြင်းခြင်းကို သူမ ခံစားနေရသည့်အချိန်မှာပဲ ' တင် ' ဆိုသည့်အသံနှင့်အတူ မက်ဆေ့ချ်တစ်စောင်သည် စခရင်မ်ပေါ်တွင် ပေါ်လာခဲ့သည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now