Part 2 : ဝေဝေက သတို့သားကို ပြန်ပေးဆွဲမှာလား ◎______◎

1.2K 116 0
                                    

Part 2 : ဝေဝေက သတို့သားကို ပြန်ပေးဆွဲမှာလား ◎______◎

Unicode Ver

ည ၈:၃၀ တိတိအချိန်တွင်...

ကျောပေါ်မှာ ဓားတစ်ချောင်းကို လွယ်ထားတဲ့ အနီရောင်သူရဲကောင်းမလေးက ချန်အန်းမြို့တော်ရဲ့ဟင်္သပဒါးငှက်တံတားပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေလေတယ်။

ဒီနေရာက လက်ထပ်ထိမ်းမြားတဲ့
မင်္ဂလာဝေါယာဥ် သေချာပေါက်ဖြတ်သန်းရမယ့် နေရာတစ်ခုပဲဖြစ်တယ်။

မြစ်တွေကန်တွေထဲက အိပ်မက်ခရီးရှည်ထဲတွင် လက်ထပ်ထိမ်းမြှားခြင်းသည် အလွန်ခမ်းခမ်းနားနား ကျင်းပနိုင်သလို အလွန်ရိုးရှင်းစွာလည်း ကျင်းပနိုင်ပေသည်။ သူမနဲ့ ကျင်းရွှေတို့ လက်ထပ်သည့်အချိန်က သူမတို့နှစ်ယောက်လုံး ဆင်းရဲသည့်အတွက် ရိုးရိုးရှင်းရှင်းပဲ ကျင်းပခဲ့ကြသည်။ သူတို့နှစ်ယောက် ယွဲ့လောင်ဆီကိုသာ သွားပြီး သက်သေပြုခဲ့ကြတယ်။ ထို့အပြင် သူတို့နှစ်ယောက်က questတစ်ခု ပြုလုပ်ရန်သာ လက်ထပ်လိုက်ကြသဖြင့် မင်္ဂလာပွဲကျင်းပသည့်အကြောင်းကို သိပ်ဂရုမစိုက်ကြပေ။

[ ယွဲ့လောင်_လက်ထပ်ထိမ်းမြားမှုနှင့်ချစ်ခြင်းမေတ္တာရဲ့နတ်ဘုရား ]

သို့သော်လည်း ဒီနေ့ ကျင်းရွှေနဲ့ရှောင်ယွီယောင်ယောင်ရဲ့မင်္ဂလာဆောင်မြင်ကွင်းသည် သံသယဖြစ်ဖွယ်မရှိအောင် အလွန်အလွန့်ကို ခမ်းနားလွန်းပေသည်။

လမ်းရှင်းလင်းရန်အတွက် ရာနှင့်ချီသည့် မီးရှူးမီးပန်းများ၊ မောင်းများ၊ ဗုံများနှင့် လမ်းများကို လှည့်လည်ရန် လူရှစ်ယောက်က မင်္ဂလာဝေါယာဥ်အား ထမ်းမပေးထားပြီး မင်္ဂလာပွဲဧည့်ခံရေးအတွက် ထိပ်တန်းအဆင့်စားသောက်ဆိုင်တစ်ခုလုံးအား ကြိုတင်နေရာယူထားခဲ့သည်။ မင်္ဂလာဆောင်ဧည့်ခံပွဲတွင် လူတိုင်းကို ရွှေ ၈၈၈ ခုရှိသည့် အနီရောင်စာအိတ်အား လက်ဆောင်အနေဖြင့် ပေးမည်ဟု ပြောသေးသည်။

ဂိမ်းထဲတွင် ဒီမင်္ဂလာပွဲအကြောင်းကို တောက်လျှောက်ပြောနေကြသည်။ အဆုံးမှာတော့ ရှောင်ယွီ ယောင်ယောင်သည် နာမည်ရှိပြီး ကျင်းရွှေ ဝူရှောင်သည်လည်း နာမည်မရှိသောလူတစ်ယောက် မဟုတ်ပေ။ အခြားဆာဗာများမှကစားသမားများကိုပင် ထိုအကြောင်း အသိပေးခဲ့သည်ဟု ဆိုပေသည်။ အချို့ဆို မင်္ဂလာပွဲအား ကြည့်ရှုရန် အကောင့်အသစ်(အဆင့်နိမ့်)ကိုပင် ဖန်တီးခဲ့ကြသည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now