အပိုင်း (၉)Uni

En başından başla
                                    

“ အင်း ၊ရတယ်လေ ကိုကိုတခေတ် နှောင်းယာလည်း အားနေတာဆိုတော့ ”

သူတို့ပြောနေတာကို အဘွားတော်က ကြည့်နေကာ တခုခုပြောရန်ကြိုးစားလေသည်။

“ ဒါဆို မြေးတော်ကို အဘွားတော်တို့ရဲ့လက်ကမ်းစာအုပ်ကို ပေးရတော့မှာပေါ့”

အဘွားတော်ရဲ့စကားကြောင့် မိုးနှောင်းယာ အံ့ဩသွားသည်။

“ လက်ကမ်းစာအုပ် ၊ဟုတ်သလားအဘွားတော်၊ဘယ်လိုမျိုးပါလိမ့် ၊နှောင်းယာ မသိဘူးရယ်၊တခါမှလည်းမမြင်မိပါလား”

အဘွားတော်က မိုးနှောင်းယာ၏လက်နှစ်ဖက်အားဆွဲယူလိုက်ပြီးအပြုံးတစ်ခုကို တင်လိုက်လေသည်။

“ ဒီ စာအုပ်လေး က နောက်ဆုံးတော့မြေးတော်လက်ထဲ ရောက်လာခဲ့ပြီ ၊ ပိုင်ရှင် အမှန်ကိုတွေ့ခဲ့ပြီထင်ပါရဲ့ ”

အဘွားတော်ပြောနေသောစကားတွေကိုမိုးနှောင်းယာတစ်ယောက်နားမလည်နိုင်ဖြစ်နေရသည်။

“ ကဲ ၊ထားလိုက်တော့ စဉ်းစားမနေနဲ့ ဘယ်လိုတွေအစီအစဉ်ရှိလဲဆိုတာ အဘွားတော်ကိုပါပြောပြ ”

“ ဟုတ် အဘွားတော် ခုတော့ ကိုကိုတခေတ်နဲ့လိုက်သွားရဦးမယ် ၊ပြန်လာမှ ပဲရှင်းပြတော့မယ်”

မိုးနှောင်းယာအဘွားဖြစ်သူအားပြောပြီးတခေတ်မင်းဘက်လှည့်လာသည်။

“ ကိုင်း ၊ကိုကိုတခေတ် သွားကြမယ်လေ ၊ အချိန်လင့်ရောပေါ့”

မိုးနှောင်းယာသည် ပြောပြီး အပြင်သို့အရင် ထွက်သွားလေသည်။တခေတ်မင်းသည် အဘွားတော်အား နှုတ်ဆက်ပြီး နောက်မှ လိုက် ခဲ့တော့သည်။

“ နှောင်းယာ ၊ဒီရက်တွေထဲ စိတ်တွေ ထွေနေသလား ၊ ကိုယ့်ကို ပြောစရာရှိရင် ပြောပြပါလား”

“ အင်း..”

မိုးနှောင်းယာသည် သက်ပြင်းရှည်ကိုဆွဲချရင်းတခေတ်မင်းကိုမကြည့်ဘဲကားပြတင်းမှန်ကိုသာကြည့်ရင်းစကားဆိုလိုက်လေသည်။

“ နှောင်းယာ စိတ်ထဲ ထွေနေတယ် ကိုကို၊နှောင်းယာလေ စိတ်တွေရှုပ်နေတယ်လို့လဲ ခံစားရတယ်၊ပြီးတော့ နှောင်းယာ စိတ်ထဲဝယ်ဟိုတစ်ယောက်ကို လုံးဝ စိတ်တိုင်းမကျဘူး ”

မိုးနှောင်းယာသည် ဘယ်တစ်ယောက်ကိုပြောနေမှန်းမသိပေ။ သေချာတာကတော့ ထိုတစ်ယောက်သည်မိုးနှောင်းယာ၏ အမုန်းစက်ကွင်းထဲဝင်နေပြီဆိုတာပင်။ မိုးနှောင်းယာသည်ပြန်နိုးထလာသည့်အချိန်မှ စ၍ နားလည်ရခက်လာသည်။ ရှင်းပြရန် ခက်လာသည်။မထင်ရင်မထင်သလို စိတ်လိုက်မာန်ပါပြုတတ်လာသည်။

“ ဘယ်တစ်ယောက်လဲ နှောင်းယာ ၊ကိုယ့်ကိုပြောပြပေါ့ ၊နှောင်းယာမှာ ပြောပြစရာ၊တိုင်ပင်စရာဆိုလို့ ကိုယ်တစ်ယောက်ပဲရှိတာလေ ”

မိုးနှောင်းယာသည်တစ်ချက်မျှတွေဝေသွားပြီးတစ်ဖက်သို့ပြန်လှည့်သွားပြန်လေသည်။

“ ကိုကိုတခေတ်ကို အပူမပေးတော့ပါဘူးလေ၊ ရှိပါ‌စေတော့ ၊ကဲ မြန်မြန်သာ မောင်းတော့၊ဆရာကြီးစောင့်နေတာ အားနာလှပြီ ”

မိုးနှောင်းယာစကားကြောင့် တခေတ်မင်းလည်းဆက်မပြောတေ့ာပဲ ကားကိုသာ ဆရာကြီးအိမ်သို့မောင်းလာလေတော့သည်။

ခြံဝန်းကျယ်ကြီးတစ်ခု ထဲသို့ ကားလေးသည်တလိမ့်လိမ့်ဝင်လာသည်။
ခြံတံခါးထိပ်မှ ဝင်လာသော် အိမ်ကြီးဆီရောက်ဖို့ရာ အနည်းငယ်မျှ လျှောက်ရလေသည်။
အိမ်ကြီးသည် အတန်ငယ်မျှ မှိုင်းလှသည်။သို့သော်တိတ်ဆိတ်ငြိမ်သက်သည်။
လျှောက်လာခဲ့တဲ့ လမ်းတစ်လျှောက် ပန်းပေါင်းစုံကိုလည်းတွေ့ရသည်။ထို့အပြင် ပန်းပုရုပ်ထုများ၊ရုပ်သေးရုပ်များကိုလည်းတွေ့ရလေသည်။

အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဦးစွာရသည်က စံပယ်အိုးပုတ်အနံ့ပင်။အနံ့လာရာကြည့်လိုက်သောအခါ ဧည့်ခန်းစားပွဲထောင့်တွင် စံပယ်အိုးပုတ်ပင်ငယ်လေးအား အပွင့်တွေဖြူဖွေးစွာပွင့်နေသည်ကိုမြင်ရသည်။
ဧည့်ခန်းရှေ့မျက်နှာစာတွင် ပန်းချီကားတစ်ချပ်ကလည်းနေရာယူထားသည်။
ပန်းချီကားသည်အသက်ဝင်လှသည်။

ဒဿဂီရိ ဘီလူးက သီတာဒေဝီထံမှ ချစ်ရေးစကားဆိုနေပုံကို ရေးဆွဲထားခြင်းပင်။

အသေးစိတ်လက်ရာဖြစ်သောကြောင့်လွန်စွာမှကြည့်ကောင်းကာ လက်ရာမြောက်သည်။
ဒဿဂီရိ၏ ချစ်ရည်ရွှန်းလဲ့နေသော မျက်ဝန်းအား အလိုမကျ၍ စူးရှတဲ့ အကြည့်တစ်စုံဖြင့်ကြည့်နေသော သီတာဒေဝီ ၏ ပုံပန်းသဏ္ဍာန်ကား တကယ့်ပုံစံအတိုင်းပင်။
မိုးနှောင်းယာသည် ထိုပန်းချီထက်ဝယ် မျောနေလေသည်။

1036words
Sorry for update 😞
အလုပ်လေးရှုပ်နေလို့ပါဗျာ
12:47 (AM)

မိုးနှောင်းတစ်ရာ (Ongoing)Hikayelerin yaşadığı yer. Şimdi keşfedin