"သူမ ကမူးရှူးထိုးလုပ်နေတာကို အခုချက်ချင်းမရပ်ရင် ဘုရားကျောင်းဆီသွားရမယ်လို့ ပြောလိုက်။"

ကျားမိသားစု၏ အိမ်တော်ထိန်းက 'ဟုတ်ကဲ့ပါ' ဟု နာနာခံခံဖြင့် ခပ်တိုးတိုးဖြေသည်။ ထို့နောက် သူကလျှိုချိန့်ဖန်း၏နေရာသို့ သွားအကြောင်းကြားသော်လည်း ဒေါသပုန်ထနေသော အမျိုးသမီးထံမှ အနိုင်ကျင့်ခံရကာ သူမ၏အစေခံများဖြင့် မောင်းထုတ်ခံလိုက်ရသည်။

"ဖွီ၊ ဒီခွေးမက သူမကိုယ်သူမ သခင်မလို့ထင်နေတယ်။ သူမတော့ သင်ခန်းစာအပေးခံရဖို့လိုနေပြီ။"

ကျားမိသားစု၏အိမ်တော်ထိန်းက ဒေါသထွက်ကာ ကျားယင်၏နေရာသို့ပြန်သွားပြီး လျှိုချိန့်ဖန်း၏တုံ့ပြန်ခဲ့ပုံကို ကျားယင်ထံ ချဲ့ကားဖန်တီးပြောဆိုလိုက်သည်။ စိတ်တိုသွားသည့်ကျားယင်က လျှိုချိန့်ဖန်းကို အပြင်ထွက်ခွင့်ပိတ်လိုက်တော့သည်။

"သခင်ကြီးက ဘယ်မှာညအိပ်မယ်ဆိုတာကို သွားစုံစမ်းလိုက်။" သခင်မကျားက သူမ၏ဘေးမှအစေခံကို ပြောလိုက်သည်။ သူမသား၏သေဆုံးမှုက သူမအပေါ်ရိုက်ချက်ကြီးကြီးမားမားဖြစ်စေခဲ့သော်လည်း မည်သည့်အမျိုးသမီးအား သူမ၏ခင်ပွန်းပစားပေးကြောင်း သူမ သိချင်သေးသည်။

အစေခံမက ချက်ချင်းထွက်သွားကာ အနည်းငယ်စုံစမ်းလိုက်သည်။ မကြာခင်တွင် သူမပြန်ရောက်လာကာ သခင်မကျားအား လျှိုချိန့်ဖန်းဒဏ်ခတ်ခံထားရသည့်သတင်းကို ပြန်ပြောလိုက်သည်။ ထို့နောက် သူမကထပ်ပြောသည်။ "သခင်ကြီးက ဘယ်ကိုမှမသွားပါဘူး။ သခင်ကြီးက ဒီည သူ့ရဲ့ကိုယ်ပိုင်အခန်းမှာ အိပ်နေပါတယ်။"

လျှိုချိန့်ဖန်းဒဏ်ခတ်ခံရကြောင်းကို သခင်မကျားက ကြားသောအခါ အေးစက်စက်လှောင်သည်။ "အဲ့ဒိခွေးမက သူမနဲ့ထိုက်တန်တာကို ရသွားတာပဲ။"

ကျားယင်ကမည်သည့်မိန်းမနှင့်မှ ညမအိပ်ကြောင်း သခင်မကျားသိလိုက်ရပြီးနောက် သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လိမ့်မည်ဟု ယုံကြည်လိုက်သည်။ မမျှော်လင့်ထားစွာဖြင့် ညဉ့်နက်သန်းခေါင်ချိန်တွင် စံအိမ်ထဲ၌ ရုတ်တရက်ပွက်လောရိုက်သံထွက်လာသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now