အပိုင်း(၁၀၃)

Start from the beginning
                                    

စုဟုန်ဝိုင်ခွက်ကိုပြန်ချထားလိုက်ပြီးပြုံးလိုက်ကာ: 'ရပါတယ်။ငါ့ဘာသာဘဲသောက်လိုက်တော့မယ်'

'ရှင်အရက်မသောက်ဘူးဆိုလို့ရှိရင်များများစားနော်' စုလိုင်ဟင်းတွေကိုတူနဲ့ယူပြီးစုန့်ထင်ယွီပန်းကန်ထဲကိုထည့်ပေးလိုက်တယ်။

စုန့်ထင်ယွီမျက်လုံးတွေမှေးစင်းပြီးသူမကိုသတိပေးသလိုမျိုးကြည့်လိုက်တော့ စုလိုင်ကြောက်ပြီးတံတွေးတွေမျိုချလိုက်ကာ: 'ဘာဖြစ်လို့လဲဟင်?'

ပြီးတော့စုရန်ကိုစုန့်ထင်ယွီကြည့်လိုက်တယ်။သူမကတော့ထမင်းကိုဘဲပြီးအောင်စားနေပြီးဘာတွေဖြစ်နေလဲဆိုတာကိုမသိတဲ့ပုံဘဲ။

စုန့်ထင်ယွီတူကိုကိုင်ပြီးပြောလိုက်တယ်: 'ကျေးဇူးဘဲ'

ရိုးရိုးရှင်းရှင်းစကားနှစ်လုံးဘဲဆိုပေမယ့် စုလိုင်ကိုတော့ပျော်သွားစေတယ်။သူမချက်ချင်းဘဲပြန်ပြောလိုက်တယ်: 'ထင်ယွီ အားနာစရာမလိုဘူးနော်။ရှင်ကြိုက်လို့ရှိရင်အများကြီးစားလို့ရတယ်နော်။ဒါလေးလဲစားကြည့်ဦး။ဒါတွေအားလုံးကအရသာရှိ‌တာတွေချည်းဘဲ....' သူမထည့်ပေးတဲ့ဟင်းတွေကိုစုန့်ထင်ယွီဘေးကိုမဖယ်ပစ်တာကိုတွေ့ပြီး သူမပိုပြီးသတ္တိရှိလာပးကာတခြားဟင်းတွေကိုလဲထပ်ပြီးထည့်ပေးနေလိုက်တယ်။

'တော်ပြီ'

စုန့်ထင်ယွီပြောလိုက်မှဘဲသူမထည့်ပေးနေတာတွေကိုရပ်လိုက်တော့တယ်။သူမစုန်ကိုကြည့်လိုက်တဲ့အချိန်မှာစုရန်လဲခေါင်းမော့လာပြီးသူမကိုပြန်ကြည့်လိုက်တယ်။

စုရန်လဲမြင်ရတာရယ်စရာကောင်းတယ်လို့ထင်ပြီး သူမကိုလျစ်လျူရှုကာအကြည့်ပြန်လွှဲလိုက်တယ်။

စုလိုင်ကဘဲစပြီးပြောလိုက်တယ်: 'ရန်ရန် လင်ချန်ဟွမ်အဖွားဆုံးသွားတယ်လို့ကြားတယ်ဟုတ်လား?မနက်တုန်းကနင်ဈာပနကိုသွား‌သေးတယ်မလား?သူရောဘယ်လိုနေလဲ?အဆင်ပြေရဲ့လား?နက်တို့ရင်နှီးကြတော့ သူ့ဘေးမှာနင်အဖော်ပြုပေးနေမယ်လို့ငါထင်နေတာ။သူဝမ်းနည်းနေတာကို နင်သူ့ဘေးမှာရှိနေပေးသင့်တာပေါ့....'

စုရန်မျက်ခုံးတွေကိုပင့်ပြီးလှောင်သလိုပြန်ပြောလိုက်တယ်: 'အမကထမင်းစားနေတုန်းစကားပြောရတာကြိုက်တာကိုကျွန်မဘာလို့မသိခဲ့ရတာလဲ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now