အပိုင်း(၁၀၁)

Start from the beginning
                                    

အခုသူမကိုယ်ဝန်ရှိနေပြီဆိုတော့အရင်ကလိုမျိုးစိတ်ဓါတ်ကျတိုင်းကနေလို့မရတော့ဘူး။ဒါပေမယ့်လဲကံကောင်းချင်တော့သူများကတာတွေကိုကြည့်ရင်သူမလဲပျော်လာတယ်။

သူမတို့စတူဒီယိုမှာဝန်ထမ်းအသစ်တွေထပ်ခန့်ထားတယ်။သူတို့လဲစုရန်ကတာဘယ်လောက်တောင်တော်လဲ‌ဆိုတာကိုကြားဖူးတယ်။အဲ့ဒါကြောင့်သူတို့မျက်စိနဲ့ကိုယ်တိုင်စုရန်ကတာကိုကြည့်ချင်ပေမယ့် သူမတစ်ခါမှပေါ်မလာခဲ့ဘူး။အခုသူမလာပြီဆိုတော့ သူမကတာကိုကြည့်ချင်လို့သူမဘေးကိုလာပြီး‌ကပေးပါဆိုပြီးတောင်းဆိုနေကြတယ်။

စုရန်လဲကလေးထိခိုက်မှာကြောက်ပြီး လက်ယမ်းပြလိုက်ကာ: 'အမကိုယ်ဝန်ရှိနေလို့ ဒီအချိန်အတွင်းတော့ ကနိုင်ဦးမှာမဟုတ်ဘူး'

ကောင်မလေးတွေကစုရန်ကိုဂုဏ်ပြုပေးပြီး သူတို့မျက်နှာပေါ်ကစိတ်ပျက်လက်ပျက်အမူအယာကိုစုရန်သတိထားမိသွားတော့ပြော‌လိုက်တယ်: 'ဒါမှမဟုတ် ညီမလေးတို့အားလုံးကကြလေ။အမဘေးကနေကြည့်ပြီးအကြံပေးလို့ရတာပေါ့'

'ဟုတ်ကဲ့ ဟုတ်ကဲ့'

အခုတစ်ခြားနည်းလမ်းလဲမရှိတော့ဒီလိုဘဲလုပ်ရမှာဘဲ။ဒီလိုလုပ်လိုက်တာကကောင်မလေးတွေကိုပျော်သွားစေတယ်။

စုရန်ကောင်မလေးတွေကတဲ့ဆီမှာနစ်မြောနေတုန်းသူမဖုန်းမြည်လာလို့ကြည့်လိုက်တော့ချောင်ချောင်ဆီကဖြစ်နေတယ်။

'အမေ ဘာဖြစ်လို့လဲ?'

'ဘာမှမဟုတ်ပါဘူး။ရန်ရန် သမီးအိမ်ပြန်ပြီးထမင်းလာမစားတာတော်တော်ကြာနေပြီလေ။ဒီညလာစားရင်ဘယ်လိုလဲ?စုန့်ဝမ်ရှီကိုလဲခေါ်လာခဲ့လေ' ချောင်ချောင်ပြောလိုက်တယ်။

စုရန်ဖုန်းကိုင်ပြီးခဏတိတ်ဆိတ်နေပြီးမှ: 'သမီးကိုခေါ်ခိုင်းတာသူမဟုတ်လား?ဒီတစ်ခါရောဘာလိုချင်ပြန်ပြီလဲ?'

'သူလို့မပြောပါနဲ့' ချောင်ချောင်ဝေဖန်လိုက်ကာ: 'ဘာဘဲဖြစ်ဖြစ် သူကသမီးအဖေဘဲ...'

'သမီးအဖေဟုတ်လား?သမီးကိုမွေးပေးတာကလွဲပြီးအဖေတစ်ယောက်အနေနဲ့ဘာတွေတာဝန်ယူပေးခဲ့ဖူးလို့လဲ? စုရန်လဲအေးစက်စွာပြောလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now