101

3.8K 721 26
                                    

ယွီဝမ်ချီ
...........

လင်းကျန်က လက်ဖက်ရည်ဆိုင်တစ်ခုကို ကျပန်းရွေးချယ်ပြီး တိတ်ဆိတ်သောသီးသန့်ခန်းတစ်ခန်းအတွက် ပေးချေလိုက်သည်။

လူငယ်က လက်ဖက်ရည်ဆိုင်ကို အကဲခတ်သည်။ သူကဘာမျှမပြောသော်လည်း သူ့မျက်လုံးများထဲမှ စက်ဆုပ်ရွံရှာမှုကို ခပ်ပါးပါးသာဖုံးကွယ်ထားသည်။

လင်းကျန်က ဤလူနှင့်စကားပြောရန် သဘောတူလိုက်ရခြင်းမှာ သူငြင်းဆန်လိုက်လျှင် ၎င်းက ယွီဝမ်ထုန်အားပြဿနာရှာမည်ကို စိုးရိမ်သောကြောင့်ပင်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်အားထိုလူမကြိုက်သည်ကို လစ်လျူရှုကာ မေးလိုက်သည်။ "မင်းက ဘယ်သူလဲ။ မင်းက ငါနဲ့ဘာကိစ္စအကြောင်း ပြောချင်တာလဲ။"

လူငယ်က ထိုင်ခုံတစ်ခုတွင် အင်တင်တင်ဖြင့်ဝင်ထိုင်ကာ မလျော်ကန်သောလေသံဖြင့် ပြန်ပြောသည်။ "ငါဘယ်သူလဲဆိုတာကို မင်းသိဖို့မတန်ဘူး၊ လင်းကျန်။ ငါမင်းကို ရက်ပိုင်းလောက် အကဲခတ်ပြီးသွားပြီ။ ငါသိရသလောက်တော့ မင်းကပြောပလောက်စရာမရှိတဲ့ သခင်လေးတစ်ယောက်ပဲ။ အဲ့လူက မင်းဆီမှာ ဘာကိုမြင်သွားသလဲဆိုတာ ငါ့ကိုပဟေဠိဖြစ်စေတယ်။ မင်းရဲ့ရုပ်ရည်ကသာမန်ပဲရှိတဲ့အပြင် မင်းကပြဿနာရှာတာလည်း မရပ်ဘူး။ ငါထန်းယန်ကိုရောက်တာ ရက်ပိုင်းပဲရှိသေးပေမဲ့ လူတွေ မင်းအကြောင်း ပြောနေတာကိုပဲ ငါကြားရတယ်။ မင်းရဲ့မိသားစုဝင်တစ်ယောက်က တရားရုံးမှာ ရာထူးနိမ့်ရထားတာကြောင့်၊ ဒါမှမဟုတ် မင်းရဲ့အိမ်မှာ နေနေတဲ့လူကြောင့် မင်းတအားထိုးထိုးထောင်ထောင်ဖြစ်နေတာလား။"

"ထားလိုက်တော့၊ မင်းဘာတွေးနေတယ်ဆိုတာကို ငါတကယ်ဂရုမစိုက်ဘူး။ မင်း ယွီဝမ်မိသားစုထဲကို ဘယ်နည်းနဲ့မှ လက်ထပ်ပြီးမဝင်နိုင်ဘူးဆိုတာကိုပဲ ငါပြောချင်တယ်။ အရင်တုန်းက မင်းတို့မိသားစုအနေနဲ့ ယွီဝမ်မိသားစုအပေါ် ပြုခဲ့တဲ့အကူအညီအသေးအဖွဲက ယွီဝမ်မိသားစုဝင်တစ်ယောက်နဲ့ လက်ထပ်ဖို့အထိ ပြန်ပေးဆပ်ရလောက်အောင်မထိုက်တန်ဘူး။ အဲ့ဒိလူက ကြီးမြတ်သောယွဲ့တိုင်းပြည်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အုပ်ချုပ်နေတဲ့ မဟာစစ်သူကြီးလေ၊ မင်းကဘယ်လိုမိသားစုမျိုးက မို့လို့လဲ။ မင်းအဲ့ဒိအကြောင်းကိုတွေးရဲမယ်လို့ ငါမယုံနိုင်ဘူး။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now