ကျန်ချောင်း၏မျက်နှာထားနှင့်ပြောစကားကြောင့် သူ့လက်အောက်ငယ်သား ကျောစိမ့်သွားကာ အကြည့်မဆုံရဲတော့ပေ။ "ဟုတ်ကဲ့ပါ၊ တပ်မှူး။"

ထိုညတွင် လီတောင်တစ်တောင်လုံးပေါ်၌ မီးတိုင်များအနှံ့ထွန်းထားသည်။ ထန်းယန်တွင်နေထိုင်ကြသူများအားလုံး ၎င်းကိုထင်ရှားစွာမြင်နိုင်သည်။

ထောင်ဖန်းနှင့်လင်းကျောက်ဝမ်တို့က တောင်ဘက်တံခါးမျှော်စင်ပေါ်၌ ရှိနေသေးပြီး လီတောင်ကို သေချာကြည့်နေကြသည်။

ထောင်ဖန်းကပြောသည်။ "ကင်းထောက်တွေပြောတဲ့သတင်းအရဆို ဒီနေ့မနက်အစောပိုင်းမှာ ဓားပြခေါင်းဆောင်တွေအများကြီး နယ်စောင့်တပ်စခန်းဆီလာပြီး ကျန်ချောင်းကိုလက်ဆောင်တွေလာဆက်သပေမဲ့ အဲ့လိုမလုပ်တဲ့ဓားပြတွေလည်းရှိတယ်။ အဲ့လိုမလုပ်တဲ့ဓားပြတွေက အခုလီတောင်ပေါ်မှာ။"

လင်းကျောက်ဝမ်အံ့ဩသွားသည်။ "အားလုံးက သူ့ကိုလက်ဆောင်မပို့တာကြောင့်နဲ့လား။ ကျန်ချောင်းက ဘာတွေတွေးနေတာလဲ။"

"သူလိုချင်တဲ့လက်ဆောင်က ငွေတုံးတစ်သောင်းလေ။"

လင်းကျောက်ဝမ်က အလွန်အံ့ဩကာဆိုသည်။ "ငွေတုံးတစ်သောင်းတောင်လား။ ဒါတော်တော်များတာပဲ။ ကျန်ချောင်းက ဘာလို့ ဒီဓားပြတွေ ဒီလောက်ပေးရမယ်ဆိုပြီး ရုတ်​တရက် တောင်းဆိုရတာလဲ။"

သဘာဝကျစွာပင် ထောင်ဖန်းတွင် ဤမေးခွန်းအတွက် အဖြေမရှိပေ။ သူသာ အကြောင်းပြချက်ကို သိနေလျှင် ဤမျှဦးနှောက်ခြောက်မည်မဟုတ်ပေ။

လင်းကျန်က ခေတ္တမျှတွေးပြီးနောက် ပြောလိုက်သည်။ "အရာရှိကြီး၊ ကျွန်တော်အိမ်ပြန်ပြီး ဒီကိစ္စကို အဖေနဲ့တိုင်ပင်ချင်ပါတယ်။"

ထောင်ဖန်းကခေါင်းညှိတ်သည်။

လင်းကျောက်ဝမ်က အိမ်သို့အမြန်ပြန်သွားသည်။သို့သော် သူက လင်းရှင်းကျုံ၏ခြံသို့သွားမည့်အစား ဝါးစိမ်းစံအိမ်သို့ဦးတည်သွားသည်။

"ဒုသခင်ကြီးလင်း" အစောင့်မှာ သူ့ကိုတွေ့ရသည့်အတွက် အတော်အံ့ဩနေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now