ကျိုးမင်ရှန်းက တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်သည်။ "ငါ့ဦးရီးတော်ကို သွားတွေ့ဦးမယ်။"

"အရှင့်သားအဲ့လိုလုပ်လို့မရပါဘူး။ မနေ့က အရှင် တော်ဝင်ကိုယ်လုပ်တော်ကို ပြစ်တင်မောင်းမဲခဲ့ပြီး အရှင့်ကိုလည်း အပြစ်ဆိုခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ အရှင့်သားထပ်ထွက်သွားလို့မရပါဘူး။ အရှင်သာဒါကိုသိသွားရင် အရှင့်သားအပေါ် ပိုငြိုငြင်မှာကို ဒီအစေခံစိုးရိမ်မိပါတယ်။"

မိန်းမစိုးက ကျိုးမင်းရှန် နန်းတော်မှ စိတ်ရှိတိုင်းထွက်သွားမည်ကို စိုးရိမ်သဖြင့် အလျင်စလိုဖျောင်းဖျသည်။

ကျိုးမင်းရှန် မျက်နှာမဲ့သွားကာ ခေတ္တကြာပြီးနောက်ပြောသည်။ "ကောင်းပြီ။ ဒါဆို ငါ့အမှာကို သွားပို့ပေး။"

"ဟုတ်ကဲ့ပါ၊ အရှင့်သား။"

ကျောက်မင်ရှန်းက စာရေးပြီးသည်နှင့် မိန်းမစိုးကိုပို့ခိုင်းလိုက်သည်။ ထို့နောက် သူက သူ့မယ်တော် တော်ဝင်ကိုယ်လုပ်တော်ရှုဆီ သွားသည်။

"အမေ၊ ကျန်ချောင်းတောင်းဆိုတာ အပယ်ခံလိုက်ရတယ်။ စစ်ရေးဝန်ကြီးက သူ့တောင်းဆိုချက်ကို နှစ်ရက်ဆိုင်းထားခဲ့တယ်။"

တော်ဝင်ကိုယ်လုပ်တော်ရှုက သက်လတ်ပိုင်းအရွယ်အမျိုးသမီးပင်။ သို့သော် သူမကနန်းတော်အတွင်းတွင် ထိန်းထိန်းသိမ်းသိမ်းနေရာ ဆယ့်ခြောက်နှစ်အရွယ်မိန်းမပျိုလေးအလားပင်။ သူမ၏မျက်လုံးများကပင် အကြွင်းမဲ့ဖမ်းစားနိုင်သည်။

"ကျောက်ကျန်လား။ သူက အရှင့်ရဲ့လူယုံပဲ။ သူကဘယ်ဘက်ကိုမှ မပါဘူး။ သူကထန်းယန်ကနေ တင်ပြလာတဲ့စာကို ဘာကြောင့် ဆိုင်းထားတာလဲ။"

ကိုယ်လုပ်တော်ရှုက မျက်မှောင်ကြုတ်ကာ အတွေးထဲနစ်နေသည်။

"ကျွန်တော် ဦးရီးတော်ဆီ စာတစ်စောင်ပို့ထားတယ်။ ဦးရီးတော်က တစ်ခုခုကိုရှာတွေ့နိုင်မယ်လို့ ကျွန်တော်မျှော်လင့်တာပဲ။"

"ကောင်းတယ်။ အခု ထန်းယန်ကနေပို့လိုက်တဲ့စာ အပယ်ခံရတယ်။ ခုလတ်တလောအတွင်းမှာ မင်းရဲ့ဦးရီးတော်က ဘာကိစ္စကိုမှနန်းတွင်းဆီမတင်နိုင်မှာ မယ်တော်စိုးရိမ်မိတယ်။ အခု ထန်းယန်မှာရှိတဲ့ သူ့အင်အားက မယ်တေယ်တို့ရဲ့နောက်ခံဆိုတော့ မယ်တော်တို့တွေကဘာမှအသုံးမဝင်ဘူးလို့ သူ မထင်သွားစေနဲ့။ သူ့ကိုချွေးသိပ်ဖို့ စာတစ်စောင်ရေးပို့လိုက်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now