73

5.5K 956 3
                                    

လင်းကျန်စိတ်ရှုပ်ထွေးနေချိန် ယွီဝမ်ထုန်က သိမြင်ရှင်းလင်းစေခြင်း
.................................................................................

လင်းကျောက်ဝမ်က ကြမ်းပြင်ပေါ်၌ သတိလစ်နေသော အမျိုးသမီးကို ထကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့အားအမှုဆင်လိမ့်မည်ဟုသာ ကြိုမသိထားပါက ယနေ့ သူ ထောင်ချောက်မိသွားလောက်သည်။

"အဆင်ပြေရဲ့လား၊ ထုန်ကျီလင်း။" အမည်းရောင်ဝတ်စုံနှင့် လူတစ်ယောက်က ပြတင်းပေါက်မှဝင်လာကာ ခပ်တိုးတိုးမေးသည်။

လင်းကျောက်ဝမ်က ခေါင်းခါသည်။ "ဘာမှမဖြစ်ပါဘူး။"

အမည်းရောင်ဝတ်စုံနှင့်လူက ခေါင်းညှိတ်ကာ သူ့ကျောပေါ်မှအိတ်ကို ကြမ်းပြင်ပေါ်သို့ချ၍ အိတ်ထဲမှသတိလစ်နေသောလူကို ထုတ်လိုက်သည်။ ယင်းက ကျားယင်ပင်။ သူက ထိုအမျိုးသမီးကို ကျားယင်၏ခန္ဓာကိုယ်ပေါ်တွင် တင်လိုက်ပြီး မဖွယ်မရာမြင်ကွင်းမျိုး ဖန်တီးလိုက်သည်။

"...အရာရှိကြီး၊ သူဒီမှာ..."

အပြင်ဘက်မှ ဆူညံသံထွက်လာကာ ခြေသံများလည်း နီးကပ်လာသည်။

"ထုန်ကျီလင်း၊ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ။" အမည်းရောင်ဝတ်စုံနှင့်လူက လင်းကျောက်ဝမ်ကို ချက်ချင်းကြည့်လိုက်သည်။

လင်းကျောက်ဝမ်က ကျေးဇူးတင်စွာပြော၏။ "အလုပ်ပိုစေလို့ အားနာပါတယ်။"

အမည်းရောင်ဝတ်စုံနှင့်လူကပြောသည်။ "အားနာစရာမလိုပါဘူး။" ထိုနောက် သူက ကျားယင်သတိပြန်လည်လာစေရန် မေ့ကြောကို နှိပ်ပြီးနောက် လင်းကျောက်ဝမ်နှင့်အတူ ပြတင်းပေါက်မှခုန်ချသွားသည်။

ခဏအကြာတွင် တံခါး ကန်ဖွင့်ခံလိုက်ရသည်။
ဘန်းခနဲ မြည်သံကျယ်ကြီးက ကျားယင်အား နိုးကြားသွားစေသည်။ သူ့အခြေအနေကို ပြန်မစဉ်းစားနိုင်ခင်မှာပင် အံ့အားသင့်နေသောအသံကြောင့် ရပ်သွားသည်။

"အစ်ကိုကြီး"

ကျားကျုံးက ထောင်ဖန်းနှင့် အခြားလူများအားဦးဆောင်၍ ဝင်လာသည်။ အခန်းထဲ၌ ဘာဖြစ်ပျက်နေသည်ကို လူတိုင်းမြင်လိုက်ရသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now