69

5.7K 1K 3
                                    

အဲ့ဒါ မလျော်ကန်ဘူး
...........................

ယွီဝမ်ထုန်က သူ့ကိုမြို့တော်သို့ ဖိတ်ခေါ်မည်ဟု လင်းကျန်မထင်ထာခဲ့ပေ။ မည်သို့ပင်ဆိုစေ သူတို့၏ ဆက်ဆံရေးက ဤမျှသိပ်မကောင်းပေ။

"ကျွန်တော်က ခင်ဗျားနဲ့ မြို့တော်ကိုလိုက်ခဲ့ဖို့ မလျော်ကန်ပါဘူး။" လင်းကျန်ကပြောသည်။

"ဘာလို့ မလျော်ကန်ရမှာလဲ။" ယွီဝမ်ထုန်က သူ့ကိုကြည့်သည်။

ဘာကြောင့်လဲ။ လင်းကျန် အနည်းငယ် မျက်မှောင်ကြုတ်မိသည်။ သူက ယွီဝမ်ထုန်နှင့် ဘာပက်သက်မှုမှ မရှိချေ။ သူက မြို့တော်ကို မည်သို့အတူသွားနိုင်မည်နည်း။

ယခုဘဝတွင် ယွီဝမ်ထုန်က ထန်းယန်သို့ရောက်လာခဲ့သည်။ သူကကျေးဇူးသိတတ်သဖြင့် လင်းမိသားစုအား ကူညီပေးရန်လိုလားသည်ဟု ပြောခဲ့ကြောင်း သူမှတ်မိသည်။ လင်းကျန်က ယင်းကိုအသိအမှတ်ပြုသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုအချက်အပြင် သူတို့၏ကြားတွင် ကသိကအောက်ဖြစ်စရာ စေ့စပ်ထားမှုသာရှိသည်။

လင်းကျန်က ခေါင်းလှည့်ထားကာ ယွီဝမ်ထုန်ကို မကြည့်ပေ။ "အဲ့အကြောင်းကို နောက်မှပြောရအောင်။"

သူကျန်ချောင်းကို အဆုံးသတ်ပြီးပါက သွားလိုရာနေရာသို့ သွားနိုင်သည်။ သူက မြို့တော်သို့သွားရန်မလိုပေ။

ယွီဝမ်ထုန်က သူ့မျက်ဝန်းထဲမှ အနည်းငယ် လေးနက်နေမှုကို ကြည့်လိုက်သည်။ လင်းကျန်၏ မတုန်မလှုပ်သောသဘောထားအရ သူနှင့်အတူ မြို့တော်သို့မလိုက်ခဲ့ချင်ကြောင်း ပြသနေသည်။ သူ့အပေါ် လင်းကျန်၏သဘောထား ပျော့ပျောင်းလာသည်မှာ သိသာသည်။ သို့သော် သူကငြင်းဆန်နေဆဲပင်။ ဘာကြောင့်နည်း။

******

ညအချိန်တွင် အရှေ့ဘက်ခန်းမ၌ အရသာရှိသည့်ညစာပြင်ထားသည်။ လင်းရှင်းကျုံက ယွိဝမ်ထုန်အား ပို၍ပို၍ကျေနပ်လာသည်။ လင်းကျောက်ဝမ်ကပင် ယွီဝမ်ထုန့်အပေါ် ပိုညှာတာလာသည်။

လင်းမောက်မောက်က စစ်သူကြီးယွီဝမ်အကြောင်း နားထောင်ရသည့်အတွက် အစ်ကိုယွီဝမ်ဟု ခဏခဏခေါ်နေသည်။ လင်းမောက်မောက်က သူ့ဘေးတွင်ပင် ထိုင်ချင်နေသော်လည်း သူ့အဖေထံမှ အတားခံလိုက်ရသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now