68

5.7K 987 13
                                    

စစ်သူကြီးယွီဝမ်အကြောင်း ပုံပြင်တွေပြောမယ်။
...........................................................

ထောင်ရိက နောက်နှစ်ရက်ကြာလျှင် မြို့သို့​သွားမည်ဟု ဆုံးဖြတ်ချက်ချထားသည်။ ထောင်ရိအလွန်စိတ်လှုပ်ရှားနေပုံကို ကြည့်ကာ လင်းကျန်အနည်းငယ် နောင်တရမိသည်။ သို့သော် ယခုအချိန်၌ မြို့တော်ကိုသွားလျှင်ပင် ယွီဝမ်ထုန်နှင့်တွေ့မည် မဟုတ်ဟု သူထောင်ရိအား မပြောနိုင်ပေ။

ယွီဝမ်ထုန်က သူထန်းယန်တွင်ရှိသောသတင်းမှာ မြို့တော်၌မကြာမီ ပျံ့သွားလောက်ကြောင်း ခန့်မှန်းထားသည်။ ထိုအကြောင်းကိုသာ ထောင်ရိသိသွားပါက သွေးအန်လောက်သည်။

*****

လင်းကျန်နှင့်ထောင်ရိတို့ စားသောက်ဆိုင်၌ ရှိနေစဉ်တွင် လင်းမောက်မောက်က ကျောင်းမှပြန်လာသည်။ သူက လင်းကျန်၏ခြံဝန်သို့ ခွေးကြီးအားတနှင့်အတူ ပြေးလာကာအော်သည်။ "အစ်ကိုကြီး။ အစ်ကိုကြီး။"

"ဒုသခင်လေး။" အစေခံတစ်ယောက်ကပြော၏။ "ပသခင်လေးက ဒီမှာမရှိပါဘူး။"

"ကျွန်တော့်ရဲ့ အစ်ကိုကြီးကဘယ်မှာလဲ။" လင်းမောက်မောက်ကမေးသည်။

လင်းကျန်က ထောင်ရိကိုသွားတွေ့ကြောင်း အစေခံမသိပေ။ ထို့ကြောင့် သူကဤသို့ပြန်ဖြေသည်။ "ကျွန်တော်လည်း မသိပါဘူး။ ပသခင်လေးထွက်သွားတာတော့ တစ်နာရီလောက်ရှိပါပြီ။"

လင်းမောက်မောက်၏အကြည့်များ ရုတ်ခြည်းတောက်ပလာသည်။ "ကျွန်တော်သိတယ်။ သူကအစ်ကိုယွီဝမ်ကိုသွားတွေ့တာ ဖြစ်ရမယ်။"

ထို့နောက် သူကလင်းကျန်၏ခြံထဲမှ ပြေးထွက်ကာ ဝါးစိမ်းစံအိမ်သို့ အားတနှင့်အတူ မြန်မြန်သွားသည်။ တံခါးစောင့်များက လင်းမောက်မောက်နှင့်အားတတို့ကို မတားပေ။ လင်းကျန်နှင့် လင်းမောက်မောက်တို့က သူ့ခွင့်ပြုချက်မလိုဘဲ တိုက်ရိုက်ဝင်လာနိုင်သည်ဟု စစ်သူကြီးယွီဝမ်က မှာပြီးသားပင်။

"အစ်ကိုကြီး၊ အစ်ကိုယွီဝမ်။" လင်းမောက်မောက်က အော်ရင်းပြေးလာသည်။

ယွီဝမ်ထုန်က ၎င်းကိုကြားကာ ထွက်လာသည်။ သူကမေး၏။ "မောက်မောက်၊ မင်းရဲ့အစ်ကိုကြီးကို ရှာနေတာလား။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now