အပိုင်း(၇၄)

Start from the beginning
                                    

စုန့်ထင်ယွီတူကိုချထားလိုက်ပြီး သူမလက်ကိုကောက်ကိုင်လိုက်ကာ: 'ဒီကိုလာဦး'

ဘာတွေဖြစ်နေမှန်းစုရန်မသိပေမယ့်လဲသွားလိုက်တယ်။သူမလက်ကိုသူကိုင်ပြီး သူ့နားထင်မှာထားလိုက်ကာ: 'ကိုယ့်ကိုခဏလောက်နှိပ်ပေးဦး'

'....' စုရန်နှိပ်ပေးတဲ့အားကလဲအတော်ဘဲဆိုတော့ သူ့ရဲ့တင်းကျပ်နေတဲ့ခံစားမှုတွေဖြေလျော့သွားတယ်။

စုန့်ထင်ယွီကခေါက်ဆွဲကိုထိုင်စားနေပြီ စုရန်ကသူ့အနောက်မှာရပ်ပြီးသူ့ကိုနှိပ်ပေးနေတဲ့ပုံရိပ်က ထမင်းစားခန်းထဲမှာထွန်းထားတဲ့မီးကြောင့် နံရံမှာထင်ဟပ်နေတယ်။

စုရန် သူတို့ရဲ့အရိပ်ကိုကြည့်ပြီး မမျှော်လင့်ထားဘဲနွေးထွေးတယ်လို့ခံစားလိုက်ရတယ်။

ဒါပေမယ့်လဲဒါကစိတ်ကူးယဉ်သက်သက်ပါဘဲ။

သူမနဲ့စုန့်ထင်ယွီကြားမှာဘယ်လိုလုပ်ပြီးနွေးထွေးမှုရှိနိုင်မှာလဲ။

စုန့်ထင်ယွီစားပြီးသွားတော့ တူကိုချထားလိုက်ပြီး သူမလက်ကိုဆွဲကာသူ့ဘေးမှာထိုင်ခိုင်းလိုက်တယ်: 'စုရန် မင်းကိုယ့်ကိုမေးစရာမရှိဘူးလား?'

'ရှိတယ်' စုရန်ခေါင်းညိတ်ပြီးသူ့ကိုကြည့်လိုက်ကာ: 'ပြဿနာတွေကိုဖြေရှင်းပြီးသွားပြီလား?'

'ပြီးသွားပြီ'

'အဲ့ဒါဆိုရင်ကောင်းတာပေါ့' ဒါကသူမမျှော်လင့်ထားတဲ့အဖြေဆိုတော့ သူမကြားပြီးသွားတော့ ဘာမှထပ်မေးစရာမရှိတော့ဘူး။သူမမတ်တပ်ရပ်လိုက်ပြီးပန်းကန်တွေကိုသိမ်းပြီး ဆေးမလို့မီးဖိုခန်းထဲကိုဝင်သွားလိုက်တယ်။

စုန့်ထင်ယွီလဲလိုက်ဝင်လာပြီး သူမဘေးမှာရပ်ကာသူမပုခုံးကိုဖက်လိုက်ပြီး: 'ဘယ်သူလုပ်တာလဲဆိုတာကိုမင်းမသိချင်ဘူးလား?'

သူမအဖြေကိုသိနေတော့ပုခုံးတွန့်ပြလိုက်တယ်။သူ့ကိုသူမပြောခဲ့သားဘဲ။သူမှမယုံခဲ့တာ။သူမခန့်မှန်းတာမှန်တယ်ဆိုတာသူမသိတယ်။

'ကျွန်မသိတယ်' သူမဆေးထားတဲ့ပန်းကန်ကိုချထားလိုက်တယ်။စုန့်ထင်ယွီဖက်ထားတာကိုသူမကျင့်သားမရတော့ သူ့လက်ကိုဖယ်ပြီး သူမမီးဖိုခန်းထဲကနေပြန်ထွက်လာလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now