အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)

Start from the beginning
                                    

ယွင်ရှဲ့သည်သူ့ကိုယ်သူအတွက်နောက်တစ်ခွက်လောင်းထည့်လိုက်ပြီး ဂုဏ်ပြုသည့်အနေဖြင့်ခွက်ကိုမြှောက်လိုက်၏။ သူတည်ငြိမ်စွာပြောလိုက်သည်။
"မင်းကထင်ရှူးပင်လိုမျိုးအမှားကင်းတယ်။ ငါကမင်းကြောင့်မို့ ရယ်ရယ်မောမောစကားပြောလာနိုင်တယ်။ ဒီသေရည်တစ်ခွက်နဲ့ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ငါမင်းကိုဆုတောင်းပေးတယ်။"

ကျန်းရွှင်းယီတဒဂ်မျှတိတ်ဆိတ်သွားပြီး ခပ်ဖျော့ဖျော့ပြုံးကာ သူ့ခွက်ကိုမြှောက်၍ ခွက်ချင်းတိုက်လိုက်သည်။ သူ့အသံကပျော့ပြောင်းလျက်သားဖြင့် စကားတစ်ခွန်းသာဆိုမိသည်။
"အခုကစပြီး နောက်နှစ်မှာ ပိုမိုတိုးတက်ကောင်းမွန်လာမယ်လို့ ငါမျှော်လင့်မိတယ်။"

ထို့နောက်တွင် နှစ်ယောက်သားသည်တစ်ပြိုင်နက်တည်းခွက်ပြန်ရုတ်လိုက်ကြပြီး ခေါင်းကိုမော့ကာသေရည်ကိုသောက်ချလိုက်ကြ၏။

ယွင်ရှဲ့ကသူ့ကျောပြင်ကိုပုတ်ပေးလိုက်ပြီး သူ့အသံကနူးညံ့စွာဖြင့်ပြောလာပေသည်။
"သေချာပေါက်ဖြစ်လာမှာပါကွာ။"

ကျန်းရွှင်းယီခပ်ဖွဖွပြုံးကာ ခေါင်းငုံ့၍အစာစားလိုက်သည်။ အခြားတစ်ဖက်တွင် ယွင်ရှဲ့ကတော့စားဖို့မလုပ်ဘဲ တစ်ဖက်လူ၏ပန်းကန်ထဲသို့အသီးအရွက်များထည့်ပေးနေရင်း သူ့ကိုယ်တိုင်အတွက်မူ သေရည်တစ်ခွက်သာလျှင်။

သို့သော် သေရည်ခွက်ကိုသူ့နှုတ်ခမ်းနားတေ့ပြီး သောက်ရန်ခေါင်းမော့လိုက်သည်နှင့်တစ်ပြိုင်နက်၊ အနက်ရောင်အရိပ်တစ်ခုကအခန်းထဲကိုတိတ်ဆိတ်ဝင်လာပြီး ကျန်းရွှင်းယီ၏နံဘေးတွင်တည့်တည့်မတ်မတ်ဝင်ထိုင်လိုက်သည်ကို သူမြင်လိုက်ရသည်။

သေရည်ကသူ့နှာခေါင်းထဲဝင်လုမတတ်ပင်ဖြစ်သွားရပြီး ယွင်ရှဲ့တစ်ယောက်သေရည်ခွက်ကိုစားပွဲကိုမြန်မြန်ဆောင့်ချလိုက်သည်။ သူ့ကိုယ်သူဆဲရေးခြင်းမှတားနိုင်စွမ်းမရှိ။
"ကျန်းမော့လုံ၊ မင်းကတစ္ဆေလား။ မင်းလမ်းလျှောက်တဲ့အခါ အသံလေးဘာလေးပေးလို့မရဘူးလားဟ?!"

ကျန်းမော့လုံ၏အသံကားအေးစက်လျက်ရှိသည်။
"ဒါကလင်းယင်တောင်ထွတ်။ မင်းမကြိုက်ရင်ထွက်သွားလေ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now