အပိုင်း(၇၁)

Start from the beginning
                                    

သူ့အကြံအကုန်ကိုစုန့်ထင်ယွီပြောနိုင်လိမ့်မယ်လို့ကျို့ရှောင်မထင်ထားတော့မျက်နှာပိုပြီးပျက်လာတယ်။ဒါပေမယ့်သူကလူယုတ်မာတစ်ယောက်ဆိုတော့ ဟန်ဆောင်တဲ့နေရာမှာဆရာကြီးလေ။အဲ့ဒါကြောင့် စောစောကလိုဘဲဝန်မခံသေးဘဲ: 'ဥက္ကဌစုန့်စကားကိုကျွန်တော့တကယ်ကိုနားမလည်ဘူး။ဒါမှမဟုတ်တစ်ခြားတစ်ယောက်ကိုမေးကြည့်လိုက်ပါလား?ခင်ဗျားလူမှားနေတယ်နဲ့တူတယ်....'

သူပြောပြီးတာနဲ့ထွက်သွားတော့မလို့လုပ်လိုက်တာနဲ့ ထန်ဇီချူသူ့အကြံကိုသိလို့ခပ်မြန်မြန်ပြန်ဆွဲထားလိုက်တယ်။သူကသေးပြီးပိန်တော့ ထန်ဇီချူအားကိုဘယ်လိုလုပ်ပြီးယှဉ်နိုင်မှာလဲ။မကြာပါဘူး သူလှုပ်လို့တောင်မရတော့ဘူး။

စုန့်ထင်ယွီ သူ့ကိုကြည့်လိုက်ပြီး: 'ကျို့ရှောင် ခင်ဗျားမမှားဘူးဆိုရင် ဘာကြောက်ဖို့လိုလို့လဲ?'

သူထပ်ပြီးရီမုကခလုတ်ကိုနှိပ်လိုက်တော့ TVအကြီးကြီးမှာ  ကြည်လင်ပြတ်သားတဲ့ပုံကိုပြနေတယ်။ပုံကကြည်လွန်းပြီး convenient storeကဖုန်းရှေ့မှာရပ်နေတာကကျို့ရှောင်ဆိုတာကိုသိနိုင်တယ်။

'ခင်ဗျားသေသေချာချာစီစဉ်ထားပေမယ့် ဒီကမ္ဘာပေါ်မှာ CCTVရှိနေတာကိုမေ့သွားတာဖြစ်မယ်။ပထမဗီဒီယိုက လမ်းCCTVရဲ့ဗီဒီယို။convenient storeရဲ့CCTVကဘယ်လိုလဲ?ဝါးနေသေးလား?'

'ဒီဖုန်းနံပါတ်ကခင်ဗျားရှာထားတဲ့အင်တာနက်ပေါ်မှာမကောင်းတာတွေလုပ်တဲ့လူပေးလိုက်တာ။ခင်ဗျားဒီဖုန်းနံပါတ်သုံးပြီးသူ့ကိုဆက်တယ်လို့ပြောတယ်။ခင်ဗျားသူ့ကို ငါ့မိန်းမနဲ့လင်ချန်ဟွမ်တို့အကြောင်းကိုဖွခိုင်းတယ်ဆို။သူ့IPကိုငါ့လူတွေကိုစစ်ခိုင်းထားပြီး အဲ့ဒီIPနဲ့ဘဲသူ့ကိုရှာတွေ့ခဲ့တာ။ခင်ဗျားအကြံပေါ်သွားပြီမလား?ပြောစရာစကားရှိသေးလား?' စုန့်ထင်ယွီတိတိကျကျပြောလိုက်တယ်။

'ဥက္ကဌစုန့် ဥက္ကဌစုန့် ခွင့်လွှတ်ပေးပါ။ဒီတစ်ကြိမ်တော့ခွင့်လွှတ်ပေးပါ...' ထန်ဇီချူလက်ထဲကနေ ကျို့ရှောင်ရုန်းလိုက်ပြီး စုန့်ထင်ယွီလက်ကိုဆွဲကာ ဒူးထောက်လိုက်ပြီး: 'ကျွန်တော်တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ကျွန်တော်တို့ကကောလဟာလသတင်းအဖွဲ့က‌ဆိုတော့ လူတွေလန့်သွားစေလောက်မယ့်သတင်းကိုရှာချင်တာကိုဥက္ကဌစုန့်လဲသိတာဘဲ။ကျွန်တော်ကဒီအတိုင်းဘဲစုန့်ကတော်နဲ့လင်ချန်ဟွမ်တို့....'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now