အပိုင်း(၆၆)

Start from the beginning
                                    

'ကောင်းပါပြီ ဥက္ဌစုန့်'

ထန်ဇီချူစကားဆုံးတာနဲ့စုန့်ထင်ယွီလဲထွက်သွားလိုက်တယ်။

သူလမ်းကိုအမြန်လျှောက်နေတာကသူ့ရဲ့စိတ်အခြေအနေကိုဖော်ပြနေတယ်။

အန်မြို့တစ်မြို့လုံးကပြောကြတာက ပိုင်ချီရွေ့ကစုန့်ထင်ယွီအချစ်ဆုံးမိန်းကလေးတဲ့။ထန်ဇီချူကတော့တခါမှာအဲ့လိုမမြင်ခဲ့ဘူး။

'အမေ ကြည့်ပါဦး။သမီးအမေ့ကိုမလိမ်ခဲ့ဘူးမလား?စုရန်နဲ့လင်ချန်ဟွမ်တို့ဆက်ဆံရေးကမရိုးရှင်းပါဘူးလို့သမီးအမေ့ကိုပြောခဲ့သားဘဲ။အမေကမှမယုံခဲ့တာ။အခုသတင်းစာနဲ့မဂ္ဂဇင်းတွေကတောင်ဒီလိုရေးကုန်ကြပြီ။အဲ့တာကိုအမေကဘာလို့မယုံသေးတာလဲ?' ချန်ကျင် မဒမ်စုန့်အရှေ့မှာရပ်နေပြီး မဂ္ဂဇင်းကိုပြပြီးပြောနေတယ်။

သူ့လက်ထဲကမဂ္ဂဇင်းကိုမဒမ်စုန့်ကြည့်လိုက်ပြီး: 'နင်ဘာလို့အဲ့လိုကောလဟာလမဂ္ဂဇင်းတွေကိုယုံနေရတာလဲ?'

'ဒါပေမယ့် ဒီဓါတ်ပုံကတကယ်လေအမေ။ဒီမှာကြည့်ပါဦး။လေယာဉ်ကွင်းမှာရိုက်ထားတဲ့ဓါတ်ပုံထဲမှာ သူတို့တွေအရမ်းကိုရင်းနှီးနေကြတာ' ချန်ကျင်လေယာဉ်ကွင်းမှာစုရန်နဲ့လင်ချန်ဟွမ်တို့တူတူရှိနေကြတာကိုပြောနေတာ။သူတို့တွေသီးသန့်‌စကားပြောနေကြပြီး လင်ချန်ဟွမ် ချစ်ခင်မှုအပြည့်နဲ့စုရန်ရဲ့နဖူးလေးကိုထုနေတာ။

ဒီလိုပုံမျိုးကိုသေသေချာချာရှင်းရှင်းလင်းလင်းရိုက်ထားနိုင်တယ်ဆိုတော့ ဓါတ်ပုံဆရာကကြိုတင်ပြင်ဆင်ထားပြီး ရည်ရွယ်ချက်ရှိရှိရိုက်ခဲ့တာနေမှာ။

'အဲ့ဒီနေ့တုန်းကရန်ရန် ဝမ်ရှီကိုခေါ်ပြီး လေယာဉ်ကွင်းသွားခဲ့တာကိုငါလဲသိတယ်'

ချန်ကျင်မျက်နှာမကောင်းဘဲ: 'အမေ ဒီလိုအချိန်မျိုးမှာတောင် စုရန်ကိုကာကွယ်ပေးချင်သေးတာလား?အမေသူ့အပေါ်ကိုကောင်းတာသမီးသိပါတယ်။ဒါပေမယ့်အခုကိစ္စတွေဖြစ်လာတာကိုဘာလို့မယုံသေးတာလဲ?ပြီးတော့သမီးတို့မိသားစုဂုဏ်သိက္ခာကိုမစဉ်းစားတော့ဘူးလား?စဉ်းစားကြည့်ရင် ကုမ္ပဏီနှစ်ပတ်လည်တုန်းကမတော်တဆဖြစ်သွားတာတောင်မကြာသေးဘူး။အခုလဲဒီလိုတွေထပ်ဖြစ်ပြန်ပြီ။သမီးတို့ရဲ့ဂုဏ်သိက္ခာတွေကသူ့ကြောင့်ပျက်စီးနေရပြီ...'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now