ဇာတ်သိမ်းပိုင်း(Final)

9.5K 522 50
                                    

" သုစေ ...ငါ အဆင်ပြေရဲ့လား တစ်ချက်လောက် ကြည့်ပေးပါအုံး ...ငါ့ထင် ခါးပတ်က နည်းနည်းချောင်နေသလားလို့ ..."

သုစေမင်း လေးတွဲစွာ သက်ပြင်းတို့လွှင့်ထုတ်ရင်း အရှေ့က တိုက်ပုံထဲမြုပ်နေတဲ့ ယောကျာ်းသားရှေ့ တစ်ဖန်သွားရပ်လိုက်ရပြီး ပိုးပုဆိုးကို ကျွတ်မကျစေရန် ပတ်ပေးထားသော ခါးပတ်လေးကို ပိုတင်းကျပ်စေရန် ပြုပြင်ပေးလိုက်ရသည် ။

"အာ့ အာ အာ ...ဖြည်းဖြည်းလုပ် အီးအီးထွက်ကျလိမ့်မယ် "

"ဒီနေ့တွက် မောင်စိတ်လှုပ်ရှားနေမှန်း ကျွန်တော်သိပါတယ်ဗျာ ... ဒါပေမဲ့ နည်းနည်းလောက် ငြိမ်ငြိမ်လေးပေးလို့မရဘူးလားဗျ ..."

"မင်းကလည်း ဒီနေ့မှ ငါစိတ်မလှုပ်ရှားရင် ဘယ်နေ့မှာ စိတ်လှုပ်ရှားရမှာလဲ ... ကြည့်စမ်း ... ငါ ဒီနေ့ဘယ်လောက် ကျက်သရေရှိလိုက်လဲ ...မင်းဝတ်ထားတဲ့အရောင်လေးနဲ့ နည်းနည်းဆင်တယ်  ..."

မမဆွေရဲ့ ထိမ်းမြားလက်ထပ် မဂ်လာပွဲလေးမှာ သတို့သားအရံနှစ်ယောက်ဖြစ် သုစေနဲ့ခင်မောင်ကြီးတို့ ပါဝင်ကူညီနေခြင်းဖြစ်၏ ။ အခြား မဂ်လာအရံစုံတွဲများကြား သူတို့နှစ်ယောက်က နည်းနည်းတော့ သရိုးသရီဖြစ်နေလိမ့်မည် ။

ဒါပေမဲ့လည်း မဂ်လာလျှောက်လမ်းလေးထက် သတို့သားနဲ့သတိုးသမီးနောက်မှ နှစ်ယောက်သားဘေးချင်းယှဉ်လျှောက်နေရသည်ကိုက ပြောမပြနိုင်သော ပီတိဖြစ်ခြင်းတို့နဲ့အတူ တရားဝင်ချပြခွင့် မရှိသေးသော သူတို့နှစ်ယောက်ရဲ့ ဆက်နွယ်မှုကို တွေးမိတော့ တိုင်ပင်မထားဘဲ မျက်ရည်တို့ဝေ့လာရသည် ။

ဒီနေ့မှာပွဲလေးတော့ သူတို့နှစ်ယောက်က သတိုးသားအရံအဖြစ် အများက ထင်မှတ်ကြပေမယ့် တကယ်တမ်းမှာတော့ ဒီနေ့လေးဟာလည်း သွယ်ဝိုက် သောနည်းနဲ့ သူတို့နှစ်ယောက်ရဲ့ မဂ်လာပွဲလေးလို့ သေချာပေါက်မှတ်ယူလို့ ရပါသည် ။

------------------------

" မောင်..ကျွန်တော်သွားပြီနော် ... "

" အေး... အပြန်ကျရင် ဖက်ထုပ်ရွက်ဝယ်လာပေး .... ငါဖက်ထုပ် အိုးကပ်ကြော်စားချင်လို့ "

အိုဘယ့်~ဖူးစာ(Completed)حيث تعيش القصص. اكتشف الآن