အခန်း၁၃

4.6K 486 7
                                    

" ကိုခင်မောင်ကြီး ဒီနေ့ မန်ယူပွဲရှိတယ်နော် ။ဘယ်နှမောင်းကိုင်မှာလဲ "

သတိုးသည် အဆောင်ပေါက်ဝက တန်းလျားခုံတွင် မေးထောက်၍ ငေးငိုင်နေသော ခင်မောင်ကြီး၏ ကျောကို ပုတ်ကာ သူပါ ခင်မောင်ကြီးဘေးသို့ ဝင်ထိုင်လိုက်သည် ။ ပြီးနောက် အခြား ပရီးမီးယားလိလ် ပွဲစဥ်များ၏ အခြေနေသုံးသပ်ချက်များကိုလည်း ခင်မောင်ကြီး စိတ်ပါလာစေရန် ရှင်းပြနေသေးသည် ။

" အဲ့တော့ဗျာ ကျွန်တော်ကတော့ ဒီ ပတ်တွင်းပွဲစဥ်တွေမှာ လီပါပူးနဲ့ ဟော့စပါး ကိုအားရတယ်။ ကိုခင်မောင်ကြီးရော ဘယ်လိုလဲဗျ ... "

ခါတိုင်းဆိုလျှင် ပရီးယားလိလ်ပွဲစဥ်များအကြောင်း စကားစလိုက်လျှင် ပြန်လည်တက်ကြွစွာ ဆွေးနွေးတက်သော ခင်မောင်ကြီးမှာ ခုခါမှာတော့ ပြောစရာ စကားတို့ ပျောက်ဆုံးနေ၏ ။
စိတ်ပါဝင်စားမှု ရှိနေပေမယ့် မလုပ်မိစေရန် ချုပ်တည်းထားရသည့် စိတ်တွေသည် အိမ်သာတက်ချင်သော စိတ်ကို မနည်းအောင်းအီး သည်းခံထားရတာထက်ဆိုးသည် ။ သူ သတိုးနားမှာ ဆက်ထိုင်နေလို့ မဖြစ်တော့ .... ။
နားနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်နှင့် စုံပိတ်ပြီး အဆောင်ဝက ထိုင်ခုံမှ ပြေးထွက်လာရသည် ။
နေရာမှာ ကျန်နေခဲ့သော သတိုးသည်လည်း မလောင်းရသေးသော မောင်းစာရွက်ဖြူများကို မြှောက်ကာ မြှောက်ကာဖြင့် သူ့နားမှ ထွက်ပြေးသွားသော ခင်မောင်ကြီးကို  ဒီနေ့ပွဲနိုင်ရင် အချီကြီးရမှာနော် အချီကြီးဆိုပြီး ဆော်သြနေသေးသည် ။

ပြေးလာလိုက်ရင်း သူ့အခန်းဝရောက်သွားချိန် အမောပြေရန် ခဏရပ်ရင်း အနားယူလိုက်ရသည် ။ အနားယူနေစဉ် ခပ်သဲ့သဲ့ကြားလိုက်ရသော ဒီပွဲနိုင်ရင် အချီကြီးနော် အချီကြီး ဆိုသည့် သတိုးအသံကို ကြားယောင်လာတော့ တွေဝေသွားရပြန်သည် ။ ဒီတိုင်း မစားရက်မသောက်ရက် မဖြုန်းရက် ဘဲ သူ့မုန့်ဖိုးလေးတွေသာစုပြီး နောက်လထဲကျရောက်တော့မည့် သုစေမင်း၏ မွေးနေ့တွက် လက်ဆောင်ဝယ်ပေးနိုင်ဖို့ ဆိုရာမှာ ဘာများကြီးကြီးမားမားဝယ်ပေးနိုင်မည်နည်း ။
သောင်းကျော်တန် နာရီလေးပင် ဝယ်ပေးနိုင်ဖို့ပင် မသေချာပါ ။ ထို့ကြောင့် သူ့အခန်းဝမှတင် အံကိုကြိတ် လက်သီးခဲ၍ သတိုးရှိရာသို့သာ ခြေဦးပြန်လှည့်လိုက်သည် ။
သတိုးရှိရာသို့ပြန်ရောက်သွားတော့ သတိုးနားမှာ အောင်မင်းဌေးနှင့် တက်လမ်းတို့ပါ ကိုယ်စီ မောင်းစာရွက်ဖြူတွေပေါ် အာရုံစိုက်နေပြီး သူတို့လောင်းမဲ့ အသင်းတွေကို သေချာစီစစ်သုံးသပ်နေရွေးချယ်နေကြသည် ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now