အခန်း၇

5.2K 544 10
                                    

" ဟ! ဘာမှာ မှာလဲလို့ မေးနေတာကို"

"အန် အန်..အော်အေး ... ဆီဆမ်းပလိန်းပဲ "

" ငါကျွေးပါ့မယ့် ခင်မောင်ကြီးရယ် ၊  ညီမလေးရေ တုန်ယမ်းထမင်းကြော် ကြက်ဉနဲ့ နှစ်ပွဲနဲ့ ထောပတ်သီးဖျော်ရည် ၂ခွက်"

" ဟုတ်အစ်မ ခဏစောင့်ပေးပါ "

အနောက်ဘက်ကန်တင်းအစွန်ဆုံးမှ ငွေတောင်တန်း စားသောက်ဆိုင်ထိ ကိုယ့်သူငယ်ချင်းလေးရဲ့ အငတ်ဘေးဒုက္ခ ကို လာဖြေရှင်းပေးရတဲ့ ဝဋ်ကလည်း မေမိသစ်လွင်တွက် မသေးလှ ။ ရောက်တော့လည်း ဆိုင်ထဲ အားမနာလျှာမကျိုး မေးကြီးထောက်ပြီး ထွေထွေကြီးငိုင်ငေးနေပါသော သူငယ်ချင်းကြောင့် မေမီသစ်လွင် အမှန်ကိုစိတ်မကောင်းမိ ။ ဘာပူမိလို့ မိနေမှန်း ခန့်မှန်းလို့မရတဲ့ အခြေနေကြောင့် သူ(မ)ဘက်ကဘဲ စပြီး ရင့်ဖွင့်နိုင်အောင် စကားလမ်းကြောင်းပေးရတော့သည် ။

" ခင်မောင်ကြီး နင်ဟုတ်ကိုမဟုတ်တာနော် ။ခုတလော နင်လိုက်နေတဲ့ ကောင်မလေးရှိတယ် လို့လည်း မကြားမိပါဘူး ..."

"ဟို..."

သူ(မ)ဆီမှ စကားစမှုကို ဘာပြန်ပြောသင့်လည်း စဉ်းစားရင်း ပါးစပ်တပြင်ပြင်နဲ့ ဟစိဟစိ ဖြစ်နေသည့် ခင်မောင်ကြီးဖြစ်အင်ကိုကြည့်ပြီး  ရယ်လည်းရယ်ချင်ပါရက် ၊ ရယ်လည်းမရယ်ရက် ။

"ငါ ငါ..."

"အေး ပြော ..."

သူ(မ)ရဲ့ ထပ်ဆင့်လမ်းကြောင်းပေးမှုကို ပြောဖို့အရှိန်ယူရင်း ဘေးဘီကို ကျီးကန်းတောင်းမှောက် မျက်ကလူးဆန်ပြာ ကြည့်နေသေးသည် ။ ခပ်လှမ်းလှမ်းဝိုင်းမှာ လူရှိနေတာသိတော့ သူ(မ)ကို အနားတိုးခဲ့ဖို့ လက်လေးယက်ကာခေါ်နေသေးသည် ။
ခင်မောင်ကြီးတော့လေ လူမသိခံနိုင်လောက်တဲ့ ဘာတွေများလျှို့လျှို့ဝှက်ဝှက် လုပ်ပြီး အပူမိနေတာပါလိမ့် ။

" ဘိုယာလ်!!! "

နားနားတိုး၍ ပြောလိုက်သော ခင်မောင်ကြီးထံမှ စကားတို့သည် သူ(မ)ကို အင်မတန့် အင်မတန် ထိန့်လန့်သွားစေပါသည် ။ သူ(မ)လို fujoshi sceneအပြည့်နဲ့ ကြည့်ရင်တောင် ဘယ်လိုမှ ဂေးသွားနိုင်မယ် မထင်ရတဲ့ ဇမ္ဗူတစ်လူ နှာဗူးထိပ်ခေါင် ခင်မောင်ကြီးက ခုတော့ ဘာတဲ့ ငါ ကောင်လေးတစ်ယောက်ကို ချစ်မိသွားပြီတဲ့ ။ ဒါသက်သက်မဲ့ သူ(မ)fujoshi သိက္ခာကိုချတာ ။ သူ(မ)မှာ အခြားfufuဘော်ဒါတွေရဲ့ နင့်သူငယ်ချင်းလေးက super cutiepieနဲ့ကို စံပြUke ဖြစ်မဲ့ရုပ်လေးဆိုပြီး ပြောကြတာကို အမလေးလေး သူ(မ)မှာကာကွယ်လိုက်ရတာ ဆိုတာ ...။ ခုတော့ ဒင်း(သင်း)လေးက သူ(မ)အရှက်ကို ရှယ်ပလန်နဲ့ ကိုခွဲတော့တာဘဲ ...။

အိုဘယ့်~ဖူးစာ(Completed)Dove le storie prendono vita. Scoprilo ora