အခန်း၁၁

4.8K 485 9
                                    

" ဝါး .. တောက်တောက်ကြော်လေးက မွှေးကြိုင်နေတာဘဲ ။ မင်းက ဘယ်နေရာမဆို အကုန်တော်နေတော့တာပဲကွာ ။ နတ်သားတစ်ပါး လူပြည်သက်ဆင်းပြီး လူယောင်နေသလားတောင် မှတ်ရတယ် "

ခင်မောင်ကြီး၏ လျှာတသပ်သပ်ပြင်ရင်းချီးကျူးခန်းဖွင့် နေမှုကြောင့် သုစေတကယ်ပင်မနေတက်တော့ ။ တရားလွန် ချီးမွမ်းမှုကြောင့် သုစေ သူ့လည်ကုတ်ကို ရှက်ကိုးရှက်ကန်း ပွတ်နေမိတာလည်း အခါခါရှိပြီဆိုတော့ လည်ကုတ်တစ်နေရာတည်းတင် ကွက်ရဲလို့နေသည် ။

" ကြိုက်ရင် အများကြီးထည့်စားပါ ။ ကျွန်တော် ခင်ဗျားတွက်ပါ ပိုလုပ်ထားပေးတာ "

လောကွတ်မချော်လည်း အားမနာတမ်းစားမည်ဆိုတာသိပေမယ့် အိမ်ရှင်တို့ ဝတ္တရားအရ ဧည့်ခံရသေး၏ ။

"အာ ! ဟုတ်သား... "

သုစေ ဧည့်တောက်ခံပြီးမှ ခင်မောင်ကြီးသည်မျက်လုံးမျက်စံပြူးကာ စားပွဲခုံကို ဗြန်းခနဲ့ ရိုက်ချ၍ ပါးစပ်ကလည်း တစ်ခုခုကို သတိရသွားဟန် ပြောပြီး ဟစိဟစိနှင့် ပြန်မပိတ်နိုင်သေး ။

"ဘာ ဖြစ်လို့လဲ "

" ဟို ဘာမှ မဖြစ်ပါဘူး ... ကိစ္စတစ်ခုကို သတိရသွားလို့ ဟီး ကိုယ့်ကြောင့် လန့်သွားတာလား နတ်သားလေးက ။ ဘာမဟုတ်ဘူးရယ် ။စား စားများများထည့်စား "

ခင်မောင်ကြီး၏ ပြီတီတီမျက်နှာပေးနဲ့ ပြီတီတီစကားတွေကြားလိုက်ရပြီး သုစေ မျက်ခုံးလေးနှစ်ဖက် မသိမသာကျုံ့လို့သွားသည် ။
ခင်မောင်ကြီးကို ဘယ်လိုဟာလေးရယ်လို့ပင် သုစေ မသက်မှတ်တက်တော့ ။ တကယ့်ကို မပြောရဲတဲ့စကားလည်းမရှိ ။ မလုပ်ရဲတာလည်းမရှိ ။ ဒီလို စကားတွေကို အခြားသူတွေနဲ့လည်း ထမင်းစားရေသောက်ပြောနေတာများလား တွေးမိတော့ သုစေ မျက်ခုံးတို့ပို ကျုံ့သွားရပါသည် ။

ခင်မောင်ကြီးမှာတော့ အနံ့အရသာပြည့်စုံလှသော ကုန်းဘောင်ကြီးကြော်ကို လျှာရင်းမြတ်မြတ်စားနေရင်း အဆောင်မှူးကြီးထံမှာ ရောက်နေလောက်ပြီဖြစ်သော စားတော်အုပ်လေးအကြောင်းသတိရမိတော့ နှမျောတသတော့ ဖြစ်မိသား ။ ဒါသည်အရေးမဟုတ်ပါဘူးလေ ။ ခု သူ့ရဲ့ ချစ်လှစွာသော crush လေးချက်ကျွေးတဲ့ အဟာရဒါနလေးကို မြိန်ရှက်စွာ စားနေရသည်ဘဲ ။ ပြန်ရောက်မှ စားတော်အုပ်လေးကို သူ့ရဲ့အပေါင်းသင်းညီငယ်များကို မျှဝေကျွေးလိုက်မည်ဟု စဉ်းစားထားလိုက်သည် ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now