အခန်း၁၅

4.6K 460 8
                                    

" ဒီ စိတ်ကူးယဉ် လေဟာပြင်ထဲမှာ အန်တန်တွေနဲ့ မော်လီ... ... ..."

ခင်မောင်ကြီးအဖို့ ကြားနေရသော နိယာမများအကြောင်းသည် စိတ်ဝင်စားဖို့ကောင်းမနေပါ ။  ငိုက်မြည်းလာချင်သည့်စိတ်ကို မနည်းထိန်း၍ ယောက်ခမလောင်းကြီးအချိန်မို့ စိတ်ဝင်တစားနားထောင်နေပုံကဖမ်းရသေး၏ ...။ ဒါပေသည့် ဆရာရှင်းပြချက်အပြည့်စုံက သူ့နားထဲသို့ ရောက်မလာခဲ့ပဲ အဆုံးကျရင် အဖျားရှူးသွားတာများသည်။ သူ့ဘေးက မောင်တက်လမ်းကတော့ ဆရာစာသင်နေသည်ကို စိတ်ဝင်တစား လိုက်ပါမှတ်သားနေသည်ကို တွေ့ရ၏ ။ ကိစ္စမရှိ နောက်ကျမှ တက်လမ်းစာအုပ်ထဲက ပြန်ကူးတော့မည် ။ခုတော့ ရုပ်ပျက်ဆင်းပျက်ငိုက်မြည်းလာချင်သည့် မျက်လုံးများကြောင့် စာအုပ်ကိုထောင်၍ ဖေ့ဘုတ် ခိုးသုံးနေလိုက်၏ ။ လူကောင်သေးတာက တစ်ကြောင်း နောက်ဆုံးခုံမှာထိုင်နေသည်က တစ်ကြောင်းမို့ ဆရာသည် သူထိုင်နေရာကို လှမ်းမမြင်နိုင်လောက်ပါ ။

ထို့သည်နှင့် စာသင်ချိန် တစ်ဝက်နီးပါးရောက်သည်ထိ ခင်မောင်ကြီးသည် ဖေ့ဘုတ်က ထွေရာလေးပါးကို လိုက်ကြည့်ရင်း အိပ်ချင်စိတ်ပင် ဘယ်ရောက်သွားပြီလဲမသိ ။

"ဟင်.."

NFကို ထက်အောက်ဆွဲရင်း ဝင်လာသည့် စာတိုကြောင့် မျက်လုံးများပြူးကျယ်သွားရသည် ။ တပတ်တိတိ ဆိတ်ငြိမ်သွားသည့် ဆက်သွယ်မှု ဧရိယာလေးက ခုတော့ ပြန်အသက်ဝင်လာပြီလား ။ အတွေးနဲ့အတူ ညစ်ညူးနေသည့် စိတ်တို့လည်း ပြန်လည်မြူးကြွလို့လာ၏ ။

# ညနေ ကျွန်တော့်အဆောင်လာပြီး တစ်ခုကူညီပေးနိုင်မလား
တဲ့ ။ ဘယ်လို replyပြန်သင့်လဲ ။
ဆရာ့ကိုတော့ အားနားမိပါရဲ့ ။  ဒါပေမဲ့ ဆရာ့သားလူချောလူလှလေးကို အတည်ကြံနေသူမို့ ဒီကအမိုက်မဲလေးကို ဗွေမယူလိုက်ပါနဲ့ ။

# ကိုယ်ကမင်းအတွက်ဆိုအချိန်မရွေးအသင့်ပါဘဲ လာခဲ့မယ်နော်သုစေ

စာကြောင်းရဲ့နောက်မှာ ဟ့ထုနီနီလေး ထည့်လိုက်ချင်သည့်စိတ်ကို ထိန်းရင်း မျက်စိ့စုံမှိတ်၍ ထို သရိုးသရီထင်နိုင်လောက်မည့်စာကြောင်းကို ပို့လွှတ်လိုက်မိသည် ။ သန်းခေါင်ထက်တော့ ညဉ့်မနက်တော့ပါဘူးလေ ။ သူ့စာကြောင့် တစ်မျိုးထင်ထင် နှစ်မျိုးထင်ထင် ၊ထင်ချင်ရာ ထင်လိုက်ပါတော့ သုစေရယ် ။ မင်းထင်လိုက်တဲ့ ကိုယ့်ခံစားချင်တွေက အစစ်မှန်မို့ ကိုယ့်အပေါ်အမြင်လေးပြောင်းပေးနိုင်လာရင်ပဲ တော်ပါပြီ ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now