အခန်း ၂၄

4.3K 430 8
                                    

" အဟမ်း ... ငါ့ရဲ့ လက်ဆောင်လေးကို လက်ခံပေးရင်း တစ်ပါတည်း ငါ့နှလုံးသားလေးပါ လက်ခံပေးပါ့လား "

အရမ်းများပေါသွားလား ။

" ဒီတိုင်း ... ငါမင်းကို ချစ်မိနေပြီ သုစေ ။ မင်း ဘက်က ငါ့ကို ဘယ်လိုသဘောရလဲ "

အရမ်းရိုးနေတယ်လို့ ။

" အား.... ဘယ်လို ပြောရမှာလဲ ။ ဘာလို့ ဒီလောက်ခက်နေရတာလဲ "

မမဆွေ မရှိတုန်း မမဆွေအခန်းထဲမှ ကိုယ်လုံးပေါ် မှန်ကြီးရှေ့ လက်ဆောင်ဘူးလေးတစ်ခုနဲ့ သုစေကို ဖွင့်ပြောဖို့အရေး ခင်မောင်ကြီးတစ်ယောက် ပွဲမဝင် အပြင်က လေ့ကျင့်နေခြင်းဖြစ်သည် ။
မျိုးတူခြင်းမို့ ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောရ လွယ်မလား အောက့်မေ့ရသည် ။ဘယ်ဟုတ်လေမလဲ ။ ဖွင့်ပြောမယ် တစ်ခါကြံလိုက် ယုံကြည်မှု တစ်ခါပျောက်ဆုံးလိုက်နဲ့ ။
ကြာရင် လုံးပါးပါးပြီး ကတုံးတုံး ကိုရင်ပြေးဝတ်မိတော့မည် ။

ဒါပြင့် ခုတလော ကိုကြီးနဲ့ ညီမလေး ဇာတ်ကလည်း စာတူတူလုပ်ရုံတင်မကတော့ဘဲ အရှိန်က မြင့်လာနေပြီ ။ သူ ဆရာနဲ့ စာသင်နေချိန် သူ့ကိုကွက်ချန်ထားပြီး မုန့်အတူတူထွက်စားရတာနဲ့ ။ ညီမလေးရဲ့ ညနေ အိမ်ပြန်ချိန်ကို ကိုကြီးက လိုက်ပို့ပေးရတာနဲ့ ။ မျက်စိတွေနောက်ရုံမက သူ့နှလုံးသားလေးပါ နာကျင်နောက်ကျိ နေပြီ ။ ဒီထက် အချိန်ဆွဲရင် သူ စိတ်ကျန်းမာရေးဆေးရုံသွားရမလား နှလုံးအထူးကုနဲ့ဘဲပြရမလား တစ်ခုခုတော့ ဖြစ်တော့မည် ။

သုစေဘက်ကလည်း သူ့ရဲ့ သရိုးသရီစိတ်အခြေနေကို အတော်တန် ရိပ်မိနေပြီဘဲ ။ ဆက်ပြီး မထူးဇာတ်ကြီးနဲ့ ဇာတ်မျောကြီး လိုက်နေရတာထက်
ကိုယ့်ခံစားချက် အမှန်တွေကို ဖွင့်ပြောပြီး တပ်ဦးအလံ လွှင့်ပြီး စစ်ကြေညာတော့မည် ။  သုစေရဲ့အချစ်ကို ပြန်ရတာ ပြန်မရတာ တစ်ပိုင်း ။ အဆုံးသတ်မှာ မောင်ခင်မောင်ကြီးသည် မောင်သုစေမင်းအား  သေတပန်သတ်တဆုံးပေါင်းသင်းသွားပါ့မည်ဟု ကတိပြုပါသည် ဆိုတဲ့ သစ္စာတိုင်ချက်နဲ့အတူ သုစေမင်းအား အပိုင်သိမ်းနိုင်ရင် ပွဲသိမ်းပြီ ။

"  Game over ...ဟင်းဟင်းဟင်း ....ဟင်း..."

ထိုသို့ဖြင့် ခင်မောင်ကြီး၏ ရူးသွပ်နေပုံ ဆိုက်ကိုဆန်ဆန် ရယ်မောသံကြီးနဲ့အတူ ကိုယ်လုံးပေါ် မှန်ကြီးထဲမှာလည်း အချစ်တွက် ရူးသွပ်နေသည့် အချစ်ရူးလေးရဲ့ ကျပ်မပြည့်မတ်မပြည့် ရုပ်ကြီးက နေရာယူသွား၏ ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now