အခန်း၉

5.3K 516 9
                                    

ရင်ခုန်သံ မျှင်းမျှင်းလေးက သူ့နားမှာရှိနေရတော့ လှုပ်လီလှုပ်လဲ့ခံစားမှုအသစ်ဆန်းလေးနှင့် သွေးကြောတွေထဲထိ တဆစ်ဆစ် ဖြတ်သန်းနေပြီလား ထင်မှတ်ရသည် ။ ဒီခံစားချက်လေးက ခင်မောင်ကြီးတွက် အသစ်ဆန်းလေးပေမယ့် သေချာတာကတော့ ဘယ်တော့မှ ရိုးအီမသွားမနိုင်တဲ့ အသစ်ဆန်းလေး ။ အရယ်အပြုံးသိပ်မရှိသည့် သူ့ရင်ခုန်သံလေးက ခုလည်း catwalk လျှောက်မည့် king ,queen လောင်းလျာ ကလေးတွေနဲ့ အမှတ်တရ group photoရိုက်တာနေတာတောင် အပြုံးပါးပါးလေးတောင် မစွန့်ကျဲ ။
group photo ရိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပြီးနောက် သင်ကြားရေးကိုသာ အမြန်စတင်လိုက်သည် ။
စင်က ဘယ်လိုအနေထားမျိုးရှိမည် ။ ဘယ်နားရောက်ရင် အရှိန်မြှင့် ၊ဘယ်နားရောက်ရင် အရှိန်နိမ့် စသည့် run way လျှောက်နည်းအထားသို ပညာရပ်မျာကို အထာကျကျ သင်ပြပေးနေသည်မှာ ခင်မောင်ကြီး မျက်လုံးထဲတွင်တော့ သုစေမင်းသည် စတိုင်ကျခြင်းအပြည့်နှင့် မော်ရှီးစောနေပြန်ပါသည် ။

" ကိုစေ ညီမ အဲ့လို ကိုယ်နေဟန်ကြီး မလုပ်ရဲဘူး ၊ အခြားလွယ်တာလေး ပြောင်းပေးလေ နော် "

"သမီးရောဘဲ ကိုစေ ..."

" ဒါပေမဲ့ စုံတွဲ ပိုစ့်တွေက အဲ့လိုမှ အဆင်ပြေမှာလေ "

"ညီမတို့က ပထမဆုံးရက်မှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ရှိန်နေကြတာ အဲ့တော့ ညီမတို့တို့ သူတို့နဲ့ အရင်မလေ့ကျင့်ခင် ကိုစေနဲ့ လေ့ကျင့်လို့မရဘူးလားဟင် ..."

အသစ်လေးတွေဖြစ်သည့်အလျှောက် အရှက်သည်းနေကြသော queen လောင်းလျာများသည် king အလောင်းလျာလေးများနှင့် မျက်နှာစိမ်းနေ၍ စုံတွဲကိုယ်ဟန်နေထားပိုစ့်မျာကို မလုပ်ချင်ကြောင်း သုစေ၏ လက်မောင်းကို ကိုင်လှုပ်၍တောင်းဆိုနေကြသည် ။ Kingလူချောလေးတွေခမျာမှာတော့ သုစေဘေးမှ မယ်မဒီလေးများကို ကြည့်၍ ဆွံ့အ နေကြပါ၏ ။ သူတို့နဲ့ကျ စိမ်းနေ၍ မရဲဘူးလေးဘာလေးနှင့် ခုလေ့ကျင့်ရေးအခန်းထဲရောက်မှ လူလူချင်းစသိဖူးသော ကိုစေကိုကျ ရဲတင်းစွာ လက်မောင်းကိုင်လှုပ်၍ တောင်းဆိုနေကြသည် ။ မိန်းမတွေ တယ်ခက်တယ်ဆိုတဲ့စကား က အလကားဖြစ်တည်လာတာမဟုတ်မှန်း ဉပဒေမေဂျာမှာ king လောင်းလေးများ လက်တွေ့ကြုံလိုက်ရလေသည် ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now