အမှာစာ

20.2K 676 1
                                    

📜Unicode

ဒီဇာတ်လမ်းလေးကို ရေးဖို့ ဆုံးဖြတ်လိုက်ရတာက ကျောင်းဝင်းပရဝဏ်နဲ့ ဝေးကွာနေတဲ့ ညီငယ်ညီမလေးတို့တွက် ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖတ်နေရင်း အလွမ်းပြေ ကျောင်းသားဘဝ လေးကို တမ်းတ ကြည်နူး‌နိုင်အောင်လို့ရည်ရွည်တာပါ ။  ၂၀၁၄-၂၀၁၈ တွင်း ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ Uniကျောင်းသားဘဝလေးကို ပြန်တမ်းတရင်းရေးရတာဖြစ်လို့ ဒီဘက်ခေတ် Uni Typeလေးတွေနဲ့ အနည်းငယ်ကွဲပြားမှုရှိခဲ့သော် စာရေးသူကိုသာ နားလည်ပေးကြပါနော် ။
နောက်ပြီး နောက်ခံထား‌ရေးသားထားတဲ့ ရတနာပုံကျောင်းတော်ကြီးရဲ့ ဖွဲ့စည်းတည်ဆောက်မှုပုံစံတွေနဲ့ ကန်တင်းအချို့မှအထင်ကရ ကန်တင်းဆိုင်နာမည်တွေကိုလည်း ဒီဇာတ်လမ်းထဲမှာ ထည့်ရေးမှာမို့ အမှားတစ်စုံတရာရှိခဲ့သော် စာရေးသူကို ထောက်ပြဝေဖန်ပါကြောင်း မေတ္တာရပ်ခံထားပါစေ ။
နောက်ပြီး တစ်ခုလေးအသိပေးချင်တာက ဒီဇာတ်လမ်းထဲက ဇာက်ကောင်တွေ အမည်အားလုံး အပြင်က ကိုယ့်အသိ နာမည်တွေကို ခွင့်ပြုချက်နဲ့ယူသုံးထားတာမို့ အကယ်၍ ဒီဇာတ်လမ်းလေးထဲက ဇာတ်ကောင်နာမည်တစ်ခုခုနှင့် အရင်ရှိပြီးသာ ဇာတ်ကောင်နာမည်တူခဲ့သည်ရှိသော် ထောက်ပြပေးဖို့ ဒါဒါလေးတွေကို ထပ်‌ဆောင်းမေတ္တာရပ်ခံပါရစေ ။

အချစ်များစွာဖြင့်
လမင်းလေး ........

ဒီဇာတ္လမ္းေလးကို ေရးဖို႔ ဆုံးျဖတ္လိုက္ရတာက ေက်ာင္းဝင္းပရဝဏ္နဲ႕ ေဝးကြာေနတဲ့ ညီငယ္ညီမေလးတို႔တြက္ ရယ္ရယ္ေမာေမာေပါ့ေပါ့ပါးပါးနဲ႕ ၾကည္ႏူးရမယ့္ ဇာတ္လမ္းေလးတစ္ပုဒ္ကို ဖတ္ေနရင္း အလြမ္းေျပ ေက်ာင္းသားဘဝ ေလးကို တမ္းတ ၾကည္ႏူး‌နိုင္ေအာင္လို႔ရည္႐ြည္တာပါ ။  ၂၀၁၄-၂၀၁၈ တြင္း ကိုယ္တိုင္ႀကဳံေတြခဲ့ရတဲ့ Uniေက်ာင္းသားဘဝေလးကို ျပန္တမ္းတရင္းေရးရတာျဖစ္လို႔ ဒီဘက္ေခတ္ Uni Typeေလးေတြနဲ႕ အနည္းငယ္ကြဲျပားမႈရွိခဲ့ေသာ္ စာေရးသူကိုသာ နားလည္ေပးၾကပါေနာ္ ။
ေနာက္ၿပီး ေနာက္ခံထား‌ေရးသားထားတဲ့ ရတနာပုံေက်ာင္းေတာ္ႀကီးရဲ႕ ဖြဲ႕စည္းတည္ေဆာက္မႈပုံစံေတြနဲ႕ ကန္တင္းအခ်ိဳ႕မွအထင္ကရ ကန္တင္းဆိုင္နာမည္ေတြကိုလည္း ဒီဇာတ္လမ္းထဲမွာ ထည့္ေရးမွာမို႔ အမွားတစ္စုံတရာရွိခဲ့ေသာ္ စာေရးသူကို ေထာက္ျပေဝဖန္ပါေၾကာင္း ေမတၱာရပ္ခံထားပါေစ ။
ေနာက္ၿပီး တစ္ခုေလးအသိေပးခ်င္တာက ဒီဇာတ္လမ္းထဲက ဇာက္ေကာင္ေတြ အမည္အားလုံး အျပင္က ကိုယ့္အသိ နာမည္ေတြကို ခြင့္ျပဳခ်က္နဲ႕ယူသုံးထားတာမို႔ အကယ္၍ ဒီဇာတ္လမ္းေလးထဲက ဇာတ္ေကာင္နာမည္တစ္ခုခုႏွင့္ အရင္ရွိၿပီးသာ ဇာတ္ေကာင္နာမည္တူခဲ့သည္ရွိေသာ္ ေထာက္ျပေပးဖို႔ ဒါဒါေလးေတြကို ထပ္‌ေဆာင္းေမတၱာရပ္ခံပါရေစ ။

အခ်စ္မ်ားစြာျဖင့္
လမင္းေလး ........

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now