အခန်း၁၄

4.3K 467 4
                                    

ဖုန်းထဲ record ယူထားသည့် Video fileလေးကိုဘဲ ထပ်ခါတလည်း ဖွင့်ကြည့်ရင်း ဝေ့ဝဲလာတဲ့ မျက်ရည်တွေက တားမရစီးမရ ။ တကယ်ပါဘဲ ... ရုပ်လေးနဲ့မှမလိုက် ဆိုးလိုက်တဲ့ စရိုက် ...။
ရုပ်ခံလေး ချောမောသလောက် အကျင့်လေးက မကောင်းတော့ သူ့ကို ဒီကစိတ်ဝင်စားနေမှန်းလည်း ရိပ်မိရော ရှေ့မဆက်နိုင်အောင် သူ့ရဲ့ အချစ်သစ်ညွှန့်ဖူးဖူးလေးကို အားပါတရ အရင်းကနေ သီချင်းလေးတစ်ပုဒ်နဲ့အတူ ဂျွတ်ခနဲ ချိုးချလိုက်ရဲ့လေခြင်း ...။ အကျင့်တစ်စက်လေးမှ မကောင်းတဲ့ အမျိုးမကောင်းသားလေး သုစေမင်းကတော့ ခုချိန်မှာ အရင်ချိန်တုန်းကထက် ကောင်မလေးတွေကြားတဲ့ သီချင်းလေးတစ်ပုဒ်နဲ့အတူ နာမည်ကြီးနေလေရဲ့ ...။

🎶 ချာတိတ် 〰️
ညဘက်နှိပ်စက် အိပ်လို့မရအောင် အရိပ်ကလေး
အိပ်မက်ထဲ အတင်းတိုးဝှေ့ကာ ချာတိတ်ကလေးရယ် ... 〰️〰️
မင်းကိုယ့်အပေါ် နှိပ်စက်လွန်းတယ်ကွယ်〰️

🎶 ချာတိတ် 〰️
မင်းပြောတဲ့စကား သကြားသီးလေးလိုချိုရဲ
နူးညံ့တဲ့နှလုံးသားထက်ဝယ် ချာတိတ်လေးရယ်
မင်းကိုယ့်အပေါ် စိုးမိုးလွန်းတယ်ကွယ်〰️

🎶 ချာတိတ် 〰️
ဒီဇိုင်းအလန်း(အဆန်း)လေးဝတ်လို့ထားရင် အလှဆုံး
အားလုံးက ဝိုင်းငေးကြမယ် ချာတိတ်လေးရယ်
မင်းကလေးပေါ် စိတ်မချဘူးလေကွယ်

🎶🎶 ချာတိတ်လေး....〰️〰️
သံယောဇဉ်တွေ .... ပေးထားခဲ့ပြီး မင်းကလေးကိုယ့်ကို အမျိုးမျိုးပြုံးပြတယ်
နှလုံးသားမှာ စူးနစ်ခဲ့ပြီကွယ်

🎶 ချာတိတ်〰️
ကြားထဲက နှောင့်ယှက်မှုတွေ ဖယ်ရှား
သိပ်လှတဲ့ နေ့သစ်များမှာ ချာတိတ်ကလေးရယ်
မင်းနဲ့တူ တို့နှစ်ယောက် လျှောက်လည်မယ် 〰️〰️

ဂီတာလေးပိုက်လို့ ဆရာလွှမ်းမိုးရဲ့ ၁၉၉၀ဝန်းကျင်လောက်က ထွက်ခဲ့‌သော ချာတိတ် သီချင်းကို version အသစ်လေးဖြင့် ငြိမ့်ငြိမ့်ညောင်းညောင်း သူ့ချစ်နေသောသူကို ရည်စူးပြီး ဆိုနေပုံလေးက ကိုယ့်အတွက်ရည်စူးတာမဟုတ်တာတောင် ခဏခဏ ပြန်ကြည့်ချင်မိသည့် စိတ်က ဘယ်လိုမှထိန်းမရ ...။ တစ်ခါကြည့်တိုင်း မျက်ရည်တစ်ခါဝဲရင်း ရင်ဘက်ထဲက နှလုံးသားလေးကလည်း နာကျင်နေရပါပြီ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now