အခန်း ၂၁

4.4K 434 4
                                    

ဘာလိုလိုနဲ့ ခင်မောင်ကြီးတောင် သုစေရှိရာ ရပ်ဝန်း၌ သောင်တင်နေသည်မှာ တစ်ပတ်ခန့်ကြာသွားလေပြီ ။ ထိုတစ်ပတ်တွင်း သူ့ဘက်မှ သုစေမင်းကို သိသိသာသာရောရော မသိမသာရော ဖလစ် နေပါသော်လည်း ကျောက်တိုင်ကြီး သုစေမင်းကတော့ သူ ကလူမြူလိုက်တိုင်း ဒါကြီးကဖြစ်နိုင်လို့လား အံ့သြဘဆိုသည့် မျက်နှာပေးကြီးဖြင့် သူ့ရှေ့မှ ရှောင်ထွက် သွားသည်ချည်း ။

ခုလည်း ခင်မောင်ကြီးသည် သုစေအပေါ် တစ်ဖက်သက်စိတ်ကောက်နေရသောကြောင့် မျက်နှာထားမှာ ဆူပုတ်ကောက်ချိတ်နေသည် ။
သို့သော် သူ့ခမျာ စိတ်ကောက်တာတောင် ကောင်းကောင်းမကောက်ရ ။ မနက်ခင်းနေရောင်ခြည်နွေးတုန်း သစ်ပင်ပန်းပင်များကို ရေလောင်းရမည်ဟု မတော်ရသော ယောက္ခမ၏ ထပ်လောင်းတာဝန်ပေးမှုကြောင့် စိတ်ကောက်နေရင်း တန်းလန်း ပန်းပင်ရေလောင်းနေရသည် ။

" စေတနာနဲ့ ထုတ်ပေးထားတာ ။ ဒီတိုင်းဝတ်လိုက်တော့ ဖင်နူသွားမို့လား ။ တကယ်ဘဲ "

ပန်းပင်ရေလောင်းရင်း သူရဲ့မကျေနပ်ချက်ကို လည်း ထိုသို့ ညီးဆိုနေသေး၏ ။

" ဘဲနှုတ်သီးနဲ့ စိတ်ကောက်နေပုံက ...အဟွန့် "

မကြည်သာသောမျက်နှာလေးနှင့် ဆူပုတ်ကောက်ချိတ်နေပြီး စံပယ်ရုံများကို ရေဖြန်းနေသည့် ကိုနှံပိစုတ်ကို အပေါ်ထပ်မှာ လှမ်းကြည့်နေသော သုစေမင်း မျက်ဝန်းတို့၌ ကြည်နူးရိပ်တို့ဖြတ်ပြေးနေပြီး အပြုံးနုလေးတစ်ခုမှာလည်း လေးကိုင်း သဏ္ဌာန်နှုတ်ခမ်းပါးထက် ဖြတ်ပြေးနေ၏ ။

-------------------
မနက်၈နာခန့်ချိန်တွင်ဖြစ်သည် ။

" ရေ ...ရေတွေ အရင်သုတ်လိုက်အုံး ။ ငါမင်းအတွက် အဝတ်လည်း အဆင်သင့်ထုတ်ထားပေးတယ်နော် "

တစ်ဖက်အိမ်က အိမ်သားတစ်ယောက်ရဲ့ နှစ်ပတ်လည် အောက်မေ့သတိရဆွမ်းကပ်ပွဲကို သွားစရာရှိလို့ သုစေ မနက်စောစော ရေချိုးခန်းဝင်နေချိန် အလိုက်တသိနှင့် သူ ဝတ်ရမဲ့ အဝတ်ကို အရန်သင့်ထုတ်ပေးထားကြောင်း ရေသုတ်တပတ်ကြီးကိုင်ထားရင်း စောင့်ကြိုပြောနေသော ကိုခင်မောင်ကြီးကြောင့် သုစေ ရင်ထဲ လှိုက်ခနဲပင်ဖြစ်သွားခဲ့ရသည် ။
ဘာကြောင့်ရယ်မသိ တုန်ယီနေသော ကိုနှံပိစုတ်ရဲ့ စကားပြောဟန်လေးကြောင့် သူ့ရင်ခုန်သံတို့က ဗရမ်းဗတာ ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now