အခန်း၁၂

4.6K 500 17
                                    


" ခင်ဗျား နှိုက်စားနေတာနဲ့ စတော်ဘယ်ရီက ကုန်တော့မယ်နော် "

" မင်းကလည်း ... ငါ အညှာဘဲချွေနေတာပါ "

သုစေWhipping creamရိုက်နေရင်း သူ့ဘေးမှာစတော်ဘယ်ရီသီးများအား အညှာချွေပေးနေသော ခင်မောင်ကြီးကို ကြည့်နေရင်း မနေသာတော့၍ ဝင်ဟန့်လိုက်ရသည်။ အညှာသုံးလုံးချွေရင် ၂လုံးလောက်ကို ပါးစပ်ထဲ ပစ်ထည့်ပြီး တမြုတ်မြုတ်နဲ့ဝါးနေသည်ကို လက်ပူးလက်ကျပ်မိတာတောင် ဗြောင်ငြင်းရင်း သူ့ကိုကျောပေးသွားသော ဘွန်ဆိုင်းကောင်ကို သုစေ တကယ်ပင်လက်လန်မိသည် ။ အစားသောက်နဲ့ပတ်သက်လာရင် သူ ဒီ ဘွန်ဆိုင်းလေးကို မတွန့်တိုတက်သော်လည်း မြို့ထဲပြန်ပြီး အလွယ်တကူဝယ်လို့မရသည့် အသီးမို့ သုစေတားနေရခြင်းသာဖြစ်သည် ။

" အညှာချွေတာ ခဏရပ်ပြီး ကျွန်တော့်ကို Cream လာကူပြီး ရိုက်ပေးပါ့လား "

မတက်နိုင်တော့ ဒီတိုင်းဆက်လွှတ်ထားလျှင် ချစ်ညီမငယ်ရှင်းသန့်လေး၏ ၅နှစ်ပြည့်မွေးနေ့တွက် strawberry Birthday cake လေးသည် အဂ်ါမစုံဘဲ မလှမပဖြစ်တော့မည် ။ သူ့ခိုင်းလိုက်တော့လည်း စတော်ဘယ်ရီများထိုင်စားနေရာမှ ထလာကာ သူ့ဘေးကို လာရပ်သည် ။

" ဘယ်လိုရိုက်ရမှာလဲ ကြက်ဥမွှေသလိုမျိုးဘဲမို့လား "

" အွန်းဟုတ်တယ် ဒါပေမယ့် လက်အချိန်ဆတော့ဂရုစိုက်ရတာပေါ့ ။ ခင်ဗျား အရင် ရိုက်ကြည့်လေ ပုံစံမကျမှ ကျွန်တော်ပြင်ပေးမယ် "

"ဟုတ်ပြီ ..."

ခေါင်းဆက်ငြိမ့်၍ သုစေလက်ထဲမှ မွှေတံကို လက်လွှဲယူကာ အနည်းငယ်ပျစ်စ ပြုနေပြီဖြစ်သော အဖြူရောင်အနှစ်များကို အားပါးတရ စတင်မွှေပါတော့သည် ။

" အား အ့ အား "

လက်ဆပြင်းပြင်း ခပ်မြန်မြန် မွှေလိုက်မိတော့ မျက်နှာကို လာစင်သည့် အနှစ်ရည်များကြောင့် ခင်မောင်ကြီးမျက်နှာမှာ ရှုံတွသွားသည် ။ မတော် မျက်လုံးထဲ ဝင်ကုန်မှ အကန်းဘဝ ရောက်ပြီး သုစေလေးကို လုပ်မကျွေးနိုင်ရင် ခက်တော့မည် ။

"ဟင် "

မျက်စိတို့အတင်းမှိတ်ထားသော ရှုပ်တွတွ သူ့မျက်နှာပေါ် လာရောက်ထိတွေ့နေသော လက်နွေးနွေးကြောင့် မျက်လုံးများကို အမြန်ပြန်ဖွင့်လိုက်ရသည် ။ သူ့မျက်နှာပေါ်မှာ လာစင်နေသော အဖြူရောင်အနှစ်များကို လက်မလေးနှင့် ပွတ်သက်ဖယ်ရှားပေးလာသော သုစေကြောင့် ခင်မောင်ကြီးရင်ခုန်သံတို့ ကဗြောင်းကပြန်ဖြစ်ရချေပြီ ။ ပထမ တစ်ကြိမ်တုန်းကလို ရေခဲမုန့်များသုတ်ပေးတုန်းက ခံစားချက်ထက် ဒီတစ်ကြိမ်ခံစားချက်လေးက နှစ်ယောက်တည်းရှိနေရသည်မို့လားမသိ ပိုပြီးပြင်းထန်နေသည်ဟု ခံစားရ၏ ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now