အခန်း၁၉

4.3K 454 17
                                    

ဖုန်းအလင်းမှ ရောင်ပြန်ထင်ဟပ်နေသော သုစေ၏ မျက်နှာလေးသည် နွမ်းလျလျက် ။ အိပ်မပျော်၍ မျက်စိညောင်းစေရန် လိုင်းပေါ်တက်မိသည့်မှ မျက်လုံးများသည် ပို၍ကြောင်သွားလေပြီ ။
ထို့ကြောင့် ဖုန်းကိုပိတ်၍ အတင်းမျက်စိမှိတ်အိပ်ကြည့်ဖို့ကြိုးစားရသည် ။ သို့သော် ဟိုဘက်လှိမ့်လိုက်သည်ဘက်လှိမ့်လိုက်နှင့်ပင်  သန်းခေါင်ချိန်ကျော်လွန်လာချိန်ထိ အိပ်စက်လို့မရသေး ။ မျက်လုံးတို့ မှိတ်လိုက်တိုင်း " ငါ ဘုရားခန်းမှာဘဲ အိပ်မယ် "ဟုဆိုပြီး ခေါင်းအုံးလေးပိုက်ကာ ဘုရားခန်းထဲ ထွက်သွားသော ဘွန်ဆိုင်းကောင်ရဲ့ပုံရိပ်လေးက ဦးနှောက်ထဲ ထပ်လဲလဲပေါ်လာပြီး သူ့ကို စိတ်မကောင်းခြင်းကြီးစွာဖြစ်စေ၏ ။ ထို့ကြောင့် ကိုနှံပိစုတ်အိပ်စက်နေရာ သူ့အခန်းနှင့်မျက်နှာခြင်းဆိုင်ရှိ ဘုရားခန်းထဲသို့ ထွက်လာခဲ့မိသည် ။ အခန်းတံခါးဖွင့်၍ ခြေလှမ်းစရုံရှိသေး ကြားနေရသော ဟောက်သံမှန်မှန်လေးကြောင့် သုစေ ဟက်ခနဲပင် ရယ်မိသွားသည် ။ သူ့မှာသာ မလုံလဲသော စိတ်တို့နှင့် အိပ်မပျော်သော်လည်း တရားခံ သူ့ရဲ့ဘွန်ဆိုင်းလေးကတော့ ဟောက်သံများပင် ထွက်လို့ ပျော်ပျော်ကြီးကို အိပ်နေချေပါတည့် ။

" ဒီလောက်မီးရောင်စုံတွေ ထိန်နေတာကိုလည်း ပျော်အောင်အိပ်နိုင်တယ် အဟက် ..."

ရောင်စုံလျှပ်စစ်မီးများဖြင့် ပူဇော်ထားသောဘုရားစင်ရှေ့တွင် ပိုးလို့ပတ်လပ် ကုလားသေကုလားမော ပါးစပ်လေးဟကာ အိပ်မောကျနေပါသော ခင်မောင်ကြီးအားချစ်စရာအသွင်လေးလို ဘေးနားတွင်ငုတ်တုတ်ထိုင်ကြည့်နေသည့် သုစေမင်းသည် ခုန အိပ်မပျော်၍ စိတ်ညစ်နေသော ပုံစံနှင့်လားလားမှပင်မဆိုင်တော့ ။

"ဒီတိုင်းလေးဘဲ ကောင်းတယ် "

တစ်နေ့ထက်တစ်နေ့ ဤလူးသားပိစိအား ပိုင်ဆိုင်ချင်သော စိတ်ဇောအဟုန်တို့က ကြီးမားလာသော်လည်း မလိုလားအပ်သော အခြေနေများနှင့် စိတ်ဆင်းရဲမှုများကြား သူ့ရဲ့လူသားလေးအား  ဆွဲမခေါ်ရက် ။

" ငါတို့ဒီတိုင်းလေးဘဲ ရှေ့ဆက်လို့ရသလောက်ဆက်ကြတာပေါ့ ဘွန်ဆိုင်းလေး "

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now