အခန်း၂

7.6K 694 15
                                    

"အဖေသားကို ၃သောင်းလောက်ပေးပါအုံးဗျာ "

" ဟယ်လို ...ဟယ်လို...."

" အဖေရာ ....လုပ်ပြီ"

"ဟယ်လို ...ဟယ်လို ... ဖုန်းလိုင်းတွေဘာဖြစ်နေတာလဲ ...ကြားရလားသား ...ဟယ်လို ...အဖေဘတ်ကတော့မကြားရဘူးသား နောက်မှ အဖေပြန်ခေါ်လိုက်မယ်နော်"

အားကျိုးမာန်တက် တစ်ဖက်သတ်သရုပ်ဆောင်ကောင်းနေသော ဖခင်ဖြစ်သူကို ခင်မောင်ကြီး အတော်ကို အမြင်ကပ်လှပါပြီ။  ထို့နောက် ခေါ်ဆိုမှုပြီးဆုံးသွားသော အလင်းရောင်တို့မှိန်ဖျောစပြုသွားသည့် ဖုန်းမျက်နှာပြင်ကိုကြည့်မိချိန် အံတကျိတ်ကျိတ်နှင့် အခဲမကျေဖြစ်ရ‌ ‌သေးသည် ။

"သားဖချင်း ဒီလိုကပ်ဒိုးနဲ့ ဖြုတ်လို့ရမလားအဖေရာ ဟင်းဟင်း ။ကမ္ဘာ အပြင်ကနေ ခေါ်ရင်တောင် လိုင်းမကျနိုင်တဲ့ ကမ်းရိုးတန်းဖုန်းကြီးနဲ့ သားဖချင်းကွက်ကျော်ရိုက်ချင်နေသေးတယ် ။ တွေ့မယ် ညကျရင် ဟင်းဟင်း"

ခင်မောင်ကြီး ဖုန်းပြောပြီးမကြာ ဖုန်းကို ပိတ်၍ ဘေးဘီဝဲရာကို ကျီးကန်းတောင်းမှောက် လှည့်ကြည့်လိုက်၏ ။
ထို့နောက်မကြာ ကျောင်းသားရေးရာရှေ့က အုတ်တိုင်တစ်ခုကိုမှီထိုင်နေပါသော သားသားနားနားကောင်ချောလေးတစ်ယောက်ကို မြင်သွားသည်။ မြင်မြင်ချင်းမှာဘဲ အားတက်သရော ကယ်တင်ရှင်နတ်ဘုရားတစ်ပါးကိုတွေ့လိုက်ရသလို သူ့ရဲ့ကျောပိုးအိတ် ပျော့ခွေခွေကြီးကို လက်တစ်ဖက်တည်း၌စုပ်ကိုင်ပြီး ထိုကောင်လေးထံအပြေးကြီးဦးတည်ပြီး မဆက်ဆက်မရှိပါဘဲ ပြောလိုက်သည်က...။

"ဟိတ်ကောင် မင်းကအဆောင်နေကျောင်းသားလား" ဟူ၍....။

သွတ်သွတ်လပ်လပ်နဲ့ကောင်လေးအမေးကို သုစေခေါင်းယမ်းပြီးသာအဖြေပေးလိုက်သည်။
သုစေအဖို့ မကြာသေးခင်က ကြားနေမြင်နေရသည့် မြင်ကွင်းကို သဘောမတွေ့လှ ။ဒါပေမဲ့ ဂရုမစိုက်ဘဲနေလို့ကလည်းမရပြန်။  ကျောင်းဆင်းချိန် အတော်လွန်နေပြီဖြစ်တဲ့ ညနေစောင်းတစ်ခုမှာ သူ့ရှေ့မလှမ်းမကမ်းက ပုတုတုသေးကွေးကွေးကောင်လေးတစ်ယောက်ရဲ့ ဖြစ်အင်က သူ့ကို အာရုံစိုက်မိစေသည်။ အဖေဖြစ်ဟန်ရသူနဲ့ တစ်နေ့တာအကြောင်းအရာစုံကို ပနံသင့်စွာဖုန်းစပြောချိန်မှစ၍ နောက်ဆုံးမုန့်ဖိုးထပ်တောင်းတဲ့ချိန်မှ တိုက်ဆိုင်စွာလိုင်းကျသွားမှုဖြစ်စဉ်ထိ သုစေ၏အာရုံတို့ကလွှဲ၍မရ ။ ခုလည်း သူ့ထံ အပြေးတနင်းဉီးတည်၍ စကားစမှုကြောင့် အနေခက်သည်မဆိုသာသော်ငြား ထိုကောင်လေးပုံစံကို သုစေမင်း အနည်းငယ်လန့်မိပါသည် ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now