အခန်း၄

6.2K 623 8
                                    

၂ပတ်တိတိ ရှိချေပြီ ...။
စာမလာ သတင်းမကြားဘဲ ပျောက်သွားသည့် ခင်မောင်ကြီးဆိုသည့် ငတိက သူ့ထံမှပိုက်ဆံ သုံးသောင်းချေးပြီးသည့်နေ့ကစလို့ လမ်းမှာ တွေ့လည်း မသိချင်ယောင်ဆောင်သည် ...။
မတွေ့ရသည့် တစ်ပတ်တာလောက်အချိန်ကတော့ ကျယ်ဝန်းလှသော မိမိတို့ Universityအနေထားရ ကိုယ့်Majorဖြစ်သည့် Law ဌာနက အရှေ့ဘက်မှာဖြစ်ပြီး ခင်မောင်ကြီး Majorကတော့ ကျောင်းအနောက်ဘက်တွင်ဖြစ်၍ မတွေ့နိုင်ခြင်းဖြစ်မည်ဟု သုစေဖြည့်စွက်တွေးထားသည် ...။ ပိုက်ဆံလေး၃သောင်းတွက် messenger မှာလည်း တကျီကျီမလုပ်ချင် ...။ဖုန်းဆက်ပြီးတောင်းရမှာလည်း ဝန်လေးသည်မို့ သူ့ထံအဆက်သွယ်လုံးဝ မလုပ်တော့သည့် ငတိကို သုစေဘဝမှာ ပိုက်ဆံလေး၃သောင်းတွက် စိတ်အခြေနေတို့က မတည်မငြိမ်နဲ့ ... တစ်ပတ်လုံး နေရထိုင်ရသည်မှာ အဆင်မပြေခဲ့ ။
သို့သော် တစ်ပတ်ကျော်ကြာလို့ ၂ပတ်ထဲရောက်လာသည့်အခါ သူအနောက်ဘက်ကန်တင်းသို့ နေ့လည်စာ လာစားချိန်ကောင်မလေးတစ်ယောက်နဲ့ ဖြတ်သွားသော တစ်ကြိမ်သာကောင်းကောင်းတွေ့ဖူးသော ခင်မောင်ကြီးကို ရိပ်ခနဲမြင်လိုက်ရ၏ ...။ 

ထို့သည်မို့ ထိုင်နေသည့် ဝိုင်းမှ အပြေးထ၍ လှမ်းအော်မိတော့ ဘေးဝိုင်းကလူတွေကပါ သူ့ကို ဝိုင်းကြည့်လာကြသည် ... ။ ရည်ညွှန်းခေါ်မိသူ ငတိ
ကိုခင်မောင်ကြီးဆိုသူကတော့ သူ့အသံကြားတာနှင့် ကျောကော့ ဖင်လိမ်ကာ သုတ်ချေတင်တော့သည် ... ။ ထိုသည်က တစ်ကြိမ်တိတိ ... ။

ထိုဘွန်ဆိုင်းကောင်၏ အတန်းချိန်ကို ဖခင်ဆီမှ စုံစမ်းထား၍ လာချောင်းသော်လည်း ထိုငတိက သူ့ကို ပေါ်ပေါ်တင်တင်ပင် မသိချင်ယောင်ဆောင်သည် ... ။ ဘေးက အပေါင်းသင်းအားရှိတော့ သုစေဆိုတဲ့ The Whole King ကြီးကဘဲ သူ့ကို တမင်သက်သက်လာရောနေသလို ပုံစံက ဖမ်းသေးသည် ... ။ ထိုသည်က သုံးကြိမ်တိတိ ...။

"အဟက်! ...."

သုစေတို့များ ခင်မောင်ကြီး အကြောင်း စဉ်းစားပြီးတိုင်း ပြုံးစစ ဖြစ်ရသည်က ကိုယ့်အိမ်ကိုယ်ရာမို့သာ တော်သေးသည် ။ အပြင်မှာသာဆို သုစေ၏ cool guy imageကြီးက ပျက်ရပေဦးမည် ။
ထို့ပြင် ညစဉ်ညတိုင်း သုစေတွက်အလုပ်တစ်ခုလည်း တိုးလို့လာသေးသည် ။ထိုသည်က မီးစိမ်းပြနေသော ရွှေဘိုမြို့သားလေးခင်မောင်ကြီး ဆိုသည့် အကောင့်ကို ကြည့်ကာ သုစေမှာ အသည်းတယားယားဖြစ်ရသည့် ကြီးကြီးမားမား အလုပ်တစ်ခု ... ။ ပျင်းပျင်းနဲ့ ထိုရွှေဘိုသားဆိုသည့် အကောင့်ထဲ ဝင်ကြည့်မိတာ သည်တစ်ကြိမ်နှင့်ဆိုလျှင် ၈ကြိမ်မြောက်ရှိလေပြီ... ။ ဝင်ကြည့်တိုင်းလည်း မိနစ်နဲ့အမျှ Share postတွေ နှင့် အဖီးတလိုင်းစာတို‌လေးများကို ရယ်စရာဖြစ်ပြောင်းတင်တက်သော အကောင့်ပိုင်ရှင်ကြောင့် သုစေ အပျင်းပြေရပါသည် ...။
ထို့ကြောင့် ညရောက်တိုင်း facebook သုံးရသည်မှာ သုစေတွက် အဓိပ္ပာယ်ပိုရှိသလို ခံစားရ၏ ...။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now