အခန်း ၂၉

4.9K 412 13
                                    

နောက်ဆုံးဖြေဆိုရမည့် paperမို့ ဒီနေ့မှာတော့ ပိတောက်လမ်းထဲ လှမ်းဝင်လာသည့် ခင်မောင်ကြီးတို့ အုပ်စုမှာ အရင်နေ့တွေနှင့်မတူ လွတ်လပ်ပေါ့ပါးလို့နေသည် ။
ပေါ့ပါးလွန်းနေသည်မှ အိတ်ထဲတွင် ဖောင်တိန်၊ခဲတံနှင့် calculatorသာ ပါ၏ ။ ကျောင်းသားကဒ်ကို မဖြစ်မနေယူဆောင်လာရသည်မို့ ပေတံပင် မယူလာခဲ့ကြ ။ လိုအိပ်တာရှိလျှင် အခန်းထဲ ငိုက်မြည်းချင်လာသည့် အခန်းစောင့်ဆရာ,ဆရာမများကို အငိုက်ပြေစေရန် အလုပ်ပေးလိုက်သည် ။
ထို့ကြောင့် ခင်မောင်ကြီးဖြေဆိုသော အခန်း၌ အစောင့်ကျသည့် ဆရာ ,ဆရာမများသည် ပျင်းရိ၍ ငိုက်မြည်းချိန်ပင်မရ...။

" ကိုခင်မောင်ကြီး...ညနေ dreamမှာ ဝိုင်းဖြစ်မယ်နော် ...ကိုသုစေပါ ခေါ်ခဲ့ပါ့လား"

" မင့်မေဂျီးတော်ကြီး အစီစဉ်ကို ခုမှ လာပြောရလား ငနွားရ "

လူလယ်ခေါင်ပင် မရှောင် ခင်မောင်ကြီး၏ ဆဲရေးသံကြောင့် သတိုးမင်းမှာ သူ့စကားထဲ ဘာများ မကြိုက်စရာပါသွားလဲဆိုတာကို စဉ်းစားမရဖြစ်သွားသည် ။ အရင်တစ်ဖြတ်ကလည်း ဒီလိုဘဲ ကိုယ်စီစာမေးပွဲခန်းထဲက ထွက်လာမှ တိုင်ပင်မထားဘဲ dreamမှာ အမူးကဲကြတာဘဲမဟုတ်လား....။ ခုမှ ထူးထူးဆန်းဆန်း...။

" ဘာဖြစ်တာလဲ ကိုခင်မောင်ကြီးရ... ဒီလိုညနေဆို ဝိုင်းဖြစ်ကြတာ အစဉ်အလာဘဲလေ ...."

" မင်းတို့ ဒီလို အစီစဉ်ရှိရင် ငါသုစေနဲ့ ချိန်းထားတာကို ဖြတ်လိုက်မှပေါ့ဟ...ခုမှတော့ ငါသေချာပေါက်လိုက်ခဲ့မယ်ဆိုပြီး သုစေကို ပြောထားခဲ့တာ "

"ကိုသုစေနဲ့ ဘယ်သွားဖို့ ချိန်းထားလို့လဲ ...အဟမ်း...မဟုတ်မှ..."

"မင့်မေကြီးတော်...အတွေးတွေ မှောင်နေလိုက်တာ ... ဘုရားသွားဖို့ကွ ... "

"အာ...ဘုရားသွားမှာလား...လိပ်ဥတော့ မတူးခဲ့နဲ့နော် ..."

"မင့်ကြီးတော်ကြီးဘဲ သွားဥခိုင်း...ငနွား"

သူတိုးမှာ ခင်မောင်ကြီးကို မခံချင်အောင် စနောက်ပြီး ရှေ့ကနေ ဦးဆောင်းပြေးတော့သည် ။ ဒီလိုဆိုတော့ ခင်မောင်ကြီးမှာလည်း အစဉ်လာ မပျက်ခံဘဲ နောက်ကနေအမှီပြေးလိုက်ကာ ခြေတံတိုတို တို့နှင့် ကန်ကျောက်ပါ၏ ။ ပိတောက်လမ်းကြီးထဲမှာတော့ ထိုသို့ ပတ်ဝန်းကျင်ရဲ့အမြင်ကို ဂရုမစိုက်ဘဲ လွတ်လပ်ပေါ့ပါးလှသော ရယ်သံများ၊ စနောက်သံများကြောင့် ပို၍ အသက်ဝင်သွားတော့၏ ။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now