အခန်း ၂၆🚦

5.9K 446 8
                                    

ကျေးဌက်သံ တကျိကျိနဲ့အတူ ခေါင်းရင်းဘက်သို့ ဖျာကျလာသော နေရောင်ခြည်နွေးနွေးကြောင့် ခင်မောင်ကြီးမှာ မျက်ခွံတို့ စုကျုံ့ကာ ခွေးပေါက်လေးတစ်ကောင်လို အီသံပြု၍ အလင်းကွယ်ရာ နွေးထွေးလှသော ရင်အုပ်ကျယ်ကြီးထဲသို့ ဝင်တိုးဝှေ့လိုက်သည် ။

"အ့! အမလေးလေး ..."

လှုပ်လိုက်တာနဲ့ နာကျင်သွားသော ခါးအောက်ပိုင်းကြောင့်  သုစေ၏ ရင်ခွင်ကျယ်ကြီးထံ မျက်နှာအပ်လို့ ခင်မောင်ကြီးမှာ ညက ငါ အောက်ရောက်သွားတာများလား ဟု အတွေးများရလေပြီ ။

ခင်မောင်ကြီးသည် သုစေမင်းဆိုသူ ၊မျိုးတူယောကျာ်းလေးတစ်ယောက်ပေါ် ချစ်မိသွားပေမယ့် ထို တစ်လျှောက်လုံး ဦးဆောင်သူ အနေနဲ့သာ စိတ်အားထက်သန်နေခဲ့တာဖြစ်သည် ။ သို့သော် ခုချိန်မှာတော့ ထက်သန်လှတဲ့ စိတ်တွေသည် သူရဲ့ ချစ်လှစွာသော အမျိုးသားကောင်းလေးရဲ့ ယောကျ်ားပီသမှုတွေ အောက်မှာ  အကျိုးကျိုးအပဲ့ပဲ့ ။

သူ့မှာ ဒီအမျိုးသားလေးအပေါ် တာဝန်ယူ စောင့်ရှောက်ချင်လွန်းလွန်းလို့ မေမီဆီက ပိုက်ဆံချေးပြီး တစ်လ ၉သောင်းတန် တိုက်ခန်းကြီးကို ဌားခဲ့ရသည် ။သို့သော်  ခု သူ့အဖြစ်က ... ကိုယ့်အိမ်ကွင်းရောက်မှ ရေမီးအစုံနဲ့ကို ဂိုလ်းသွင်းခံလိုက်ရသည်...။

အဟင့် ....နာတယ် ။

ရင်ခွင်ထဲမှ လှုပ်စိလှုပ်စိ ခံစားမှုလေးကြောင့် သုစေလည်း နိုးလာတော့သည် ။

" ဟင်...ကိုခင်မောင်ကြီး...ဘယ်လိုလုပ်"

ရင်ခွင်ထဲ လှုပ်စိလှုပ်စိလေးသည် သူ့ရဲ့ နှံပိစုတ် ဘွန်ဆိုင်းလေး ဖြစ်နေပါ၏ ။ညက ဖွင့်ပြောခဲ့ပြီး မနက်ရောက်တော့ နှစ်ယောက်သား စောင်တစ်ထည်အောက်မှ နိုးထလာတဲ့ ခံစားချက်က ဇာတ်လမ်းတွေထဲမှာဆို ကြည်နူးဖို့ကောင်းနေလောက်မည်ဖြစ်ပြီး လက်တွေ့မှာတော့ သုစေအတွက် နည်းနည်းမက များများပင်  တုန်လှုပ်ဖို့ကောင်းသွားသည် ။

" အ့ ကျွတ်...ကျွတ်.."

စောင်ပုံထဲမှ ထမယ်လုပ်တော့ မခံရပ်နိုင်အောင် နာသွားသော ခါးကြောင့် သုစေမှာ အသက်ပင်အောင့် လိုက်ရသည် ။
ဘယ်လိုတွေ ဖြစ်သွားရတာပါလဲ ။
ညနေကမှ သူ ဒီ ဘွန်ဆိုင်းကောင်လေးကို ချစ်ရေး ဆိုခဲ့တာလေ ...။ ဒီနေ့မနက်ရောက်တော့ အတူအိပ်ပြီးတဲ့ အခြေနေထိ ရောက်သွားပြီတဲ့လား ။

အိုဘယ့်~ဖူးစာ(Completed)Donde viven las historias. Descúbrelo ahora