အခန်း၁၀

5.1K 502 2
                                    

" သွားပါပြီ ...ဒီအချိန်တောင်ရှိသွားပြီလား "

သုစေ ဘော်လီဘော်လေ့ကျင့်ပြီး အားပေးစင်ပေါ်မှာ တစ်ယောက်တည်း ထိုင်နေသော ခင်မောင်ကြီးရှေ့ရောက်သွားချိန် ဘာတွေ မလိုမကျဖြစ်သွားသည်မသိ ။လက်က နာရီကိုကြည့်ကာ မျက်နှာကလည်း ရှုံ့တွပြီး မရွှင်မလန်းနှင့်သူ့ရှေ့ရောက်လာသော သုစေကိုလည်း မကျေမနပ်သည့် အကြည့်တို့ဖြင့် ခင်မောင်ကြီး မော့ကြည့်နေသည် ။

သူ့အနားမှာ ဒီနှံပိစုတ်ဘွန်ဆိုင်းကောင်ရှိနေတာ နေ့တစ်ပိုင်းပင်ရှိသေးသော်လည်း ဒီမျက်နှာသေးသေးဝိုင်းဝိုင်းလေးမှ ဖြစ်သွားသည့် မျက်နှာ အနေထားမျိုးစုံကို သုစေ မရိုးနိုင်မြင်တွေ့နေရသည် ။
ထို့ကြောင့် ခင်မောင်ကြီး၏ ပိုပိုသာသာ မျက်နှာ expressionများသည် ပြဇာတ်မင်းသားပင် လုပ်စားလို့ရနေပြီဟု သုစေထင်သည် ။

" ဘာဖြစ်လို့လဲ ။ ခုမှ ၆နာရီတောင်မခွဲသေးပါဘူး "

သုစေ သိလို၍မေးလိုက်မိမှ ခုန မကျေမနပ်မျက်နှာလေးသည် ချင်ချင်းပင် ဖျော့တော့သွားပြန်သည် ။

" မင်းကဘာသိလို့လဲ ။ငါတို့အဆောင်က ရေကို မနက်တစ်ကြိမ် ညနေတစ်ကြိမ်ဘဲ တင်ပေးတာ ။ ငါမနက်က ရေချိုးမလာခဲ့ရဘူး ။ ခုညနေလည်း ၆နာရီကျော်သွားပြီဆိုတော့ ချိုးရတဲ့ရေက အနယ်တွေပါလာတော့မှာ ။ငါက အရမ်းအသန့်အပြန့်ကြိုက်တော့ တစ်နေ့ကို ရေတစ်ကြိမ်လောက်မှ မချိုးရရင် မနေတက်ဘူး "

သုစေ စိတ်ထဲ သြော် ဟုသာ တမိလိုက်ပါ၏ ။ တစ်နေ့ရေတစ်ကြိမ်သာချိုးတက်ပါသော အသန့်ကြိုက်လေးဆိုသူမောင်ခင်မောင်ကြီးအားတစ်နေ့ရေ၂ကြိမ်ချိုးတက်ပါသော သူ့အကျင့်ပြောမိလိုက်လျှင်ဖြင့် ဘယ်လိုဖြစ်သွားမည်မသိ ။

" ကျွန်တော် လေ့ကျင့်ရေး ပစ္စည်းတွေ ဌာနမှာ သွားအပ်လိုက်အုံးမယ် ။ ဒီမှာဘဲ ခဏစောင့်နေပေး ။ "

" အာ... ဘာလို့ မင်းကိုယ်တိုင်လုပ်မှာလဲ ။ ငါက မင်းရဲ့ တောက်တိုကောင်ဘဲဟာ ဒါတွေငါလုပ်ပေးရမှာပေါ့ ။ အဲ့ဒီ ဘော်လုံးတွေနဲ့ ဟို ပစ္စည်းတွေမို့လား ။ငါသိမ်းလိုက်မယ် ။မင်းအေးဆေးထိုင်နားတော့ "

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now