အခန်း ၂၃

4.2K 458 14
                                    

" မမရာ မီးတကယ်ပြောတာပါဆို အဲ့တစ်ယောက်က မီးကိုကြီးကို ခုန်အုပ်တော့မယ့် မျက်လုံးကြီးနဲ့ ခိုးခိုးကြည့်နေတာပါဆို ။ "

မေမီရှေ့မှ ကောင်မလေးသည် သူ(မ)သိခဲ့သော အကြောင်းရာတစ်ခုကို ပြန်လည်ပြောပြနေရင်းအားမာန်တွေပါလာပြီး မေမီကိုပါ ခုန်အုပ်တော့မည့် ကျားမလေးတစ်ကောင်လို လက်သည်းများကို ကုတ်ကွေးကာ ဟန်နဲ့ပန်နဲ့ ရှင်းပြနေသည် ။

" မီးကိုကြီးအကြောင်းကတော့ မမသိတဲ့တိုင်းမို့လား မထုံတက်သေး နဲ့ ။ မီးလည်း အခြေနေအရပ်ရပ်ကို ပိုသုံးသပ်လို့ရအောင် ညနေစာထိ စားပြီးမှ ပြန်လာလိုက်တာ ။ အမလေးလေး အဲ့ဒီအစ်ကိုပိစိကလေ ထမင်းစားဝိုင်းမှာမီးကို ရှိတယ်လို့တောင်မထင်ဘူး ။ မီးကိုကြီး ပန်းကန်ထဲကိုဘဲ ဟင်းတွေ ခပ်ထည့်ပေးနေတာ ဆိုတာလေ ထမင်းတောင်မမြင်ရတော့ဘူး ။ မျက်နှာလေးကလည်း ပြုံးချိုနေတာဘဲ ။ မီးကိုကြီးက ထည့်မပေးနဲ့တော့ဆိုပြီး မျက်လုံးစိမ်းကြီးနဲ့ ဟန့်တော့မှ ဟင်းတွေထည့်ပေးတာရပ်သွားပြီး မျက်နှာလေးက သုန်မှုန်သွားတာများ သိလား သိလား တကယ့် အူသည်းယားစရာလေး ဟိ့ဟိ့ ။ မီးကတော့ နောက်ထပ် သဘေင်္ာတစ်စီး ထပ်စီးရတော့မယ် ဒန့်ဒန့်ဒန် ။ ဒါနဲ့ မရဲ့ သဘော်ကြီးကရော အခြေနေဘယ်လိုလဲ "

မေမီသစ်လွင် သူ(မ)ရှေ့က နှင်းဆုဝတီဆိုတဲ့ ကလေးမလေး အမေးကြောင့် ကျောမှီထားရမှ ဖယ်ခွာပြီး စားပွဲခုံပေါ် မေးထောက်ထားရင်း သက်ပြင်းကြီးတစ်ခုကို လွှင့်ထုတ်လိုက်မိသည် ။
ပြီးနောက် မပြောချင်ပါဘူးအေ ဆိုတဲ့အိုင်တင်နဲ့ သူ(မ)ရဲ့ ကမ်းက မထွက်ခွာနိုင်သေးတဲ့ သဘော်ကြီးအကြောင်း စတင်ပြောဖို့ စကားရှိန်ယူလိုက်သည် ။

" မမ သဘော်ကြီးကတော့ တစ်ဖက်ဘတ်ဘဲ ရွက်လွှင့်နေရတော့ ခရီးမတွင်ပါဘူးအေ ။ ပိုဆိုးတာ တဖက်က ချစ်နေရတဲ့ ကောင်မလေးရှိနေတယ်တဲ့ ။ ဒါပေမဲ့ တော်သေးတာ Tက အဲ့ဒီ ကလေးမလေးကိုတော့ ဖွင့်မပြောရသေးဘူးနဲ့တူတယ် "

" မကြီးရဲ့ K လေး ပင်ပန်းနေမှာဘဲ ။ မီး တောင်ကြားရရုံနဲ့ စိတ်မကောင်းဘူး "

" အော် ...ချစ်မိတော့လည်း စွန့်စားရုံပြင် ဘာရှိတော့မှာလဲကွယ် ။ K ကလေ ဘယ်လောက်တောင် Tကိုချစ်သလဲဆို ဒီမယ်ကြည့် "

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now