အပိုင်း(၆၄)

Start from the beginning
                                    

ထျန်မီလဲ စုန့်ဝမ်ရှီကိုချီလိုက်ပြီး: 'သွားလေ။ငါဝမ်ရှီကိုကြည့်ထားလိုက်မယ်'

စုရန်ခေါင်းညိတ်ပြလိုက်ပြီး လင်ချန်ဟွမ်နဲ့တစ်နေရာကိုသွားလိုက်ပြီးသူ့ကိုကြည့်ကာ: 'ချန်ဟွမ် ဘာဖြစ်လို့လဲ?'

လင်ချန်ဟွမ် သူမကိုသေတ္တာဘူးလေးတစ်ခုထုတ်ပေးတယ်။သူမစောစောကတည်းကတွေ့ပေမယ့်ဂရုမစိုက်ခဲ့ဘူး။သူမအတွက်လို့တော့ထင်မထားခဲ့ဘူး။

'ဒါက...' စုရန်ကြောင်တောင်တောင်ဖြစ်သွားတယ်။

သူမသေတ္တာဘူးကိုဖွင့်မလို့လုပ်လိုက်တော့လင်ချန်ဟွမ်ကတားလိုက်ပြီး: 'ဒါကမင်းအတွက်မွေးနေ့လက်ဆောင်။မင်းမွေးနေ့ပြီးသွားပေမယ့်လဲနောက်မကျသေးဘူးလို့ထင်တယ်။အိမ်ရောက်တော့မှဖွင်ကြည့်လိုက်'

စုရန်လဲပြုံးပြလိုက်ပြီး: 'ဟုတ်ပါပြီ။ကျေးဇူးပါ'

'အရူးမလေး ဘာလို့ဒီလိုပြောရတာလဲ?' အရင်လုပ်နေကြအတိုင်းသူမနဖူးလေးကိုလင်ချန်ဟွမ်မနာအောင်ထုလိုက်ပြီး သူမနာမည်ကိုသူခေါ်လိုက်တယ်: 'ရန်ရန်'

'ဟင်'

လင်ချန်ဟွမ်ဒီနေ့ထူးဆန်းနေတယ်လို့စုရန်ထင်တယ်။သူတစ်ခုခုကိုပြောစရာရှိနေပေမယ့် ဘယ်လိုပြောရမယ်မှန်းမသိသလိုမျိုး။

'ချန်ဟွမ် ပြောစရာရှိရင်ပြောလေ'

လင်ချန်ဟွမ် သူမရဲ့မျက်နှာလေးကိုကြည့်လိုက်ပြီး: 'မင်းနဲ့စုန့်ထင်ယွီတို့အခုတလောဆက်ဆံရေးဘယ်လိုလဲ?'

စုရန်လဲအံ့ဩသွားတယ်။သူမနဲ့စုန့်ထင်ယွီကြားကကိစ္စတွေကိုထျန်မီဘဲသေချာသိတာဆိုတော့ သူပြောပြထားတာနေမှာ။

'အရင်လိုပါဘဲ'

'မင်း ဝမ်ရှီနေပြန်ကောင်းလာတာကိုစောင့်ပြီးသူနဲ့ကွာရှင်းမလို့မဟုတ်လား?'

စုန့်ထင်ယွီပြန်လာကတည်းကသူတို့ဆုံးဖြတ်ထားကြတာဆိုတော့ ပြောင်းလဲမှုရှိမှာမဟုတ်ဘူး။

သူစိတ်အေးသွားရအောင်စုရန်ပြုံးပြီးပြောလိုက်တယ်: 'ချန်ဟွမ် ကျွန်မနဲ့ဝမ်ရှီကိုစိတ်မပူပါနဲ့...'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now