Extra 1

7.6K 752 7
                                    

[ အစကသိမ်းထားမလို့ပဲ 22022022 ဖြစ်တာမို့ အမှတ်တရမျှဝေပေးချင်ရုံပါ။ extra က 3 ပိုင်းရှိပါတယ် ]

Unicode

ရှောင်အာက ကျဥ်းမြောင်းတဲ့လှေကားထစ်ဝင်ပေါက်ကနေအောက်ဆင်းလျှောက်လာပြီး စန္တယားသံတငြိမ့်ငြိမ့်ကြားနေရတဲ့အထဲ bartender ရှိတဲ့ဘက်ခြမ်းမှာနောက်ကျောပေး ထိုင်နေတဲ့ဝမ်ရိပေါ်ကိုတန်းတွေ့တယ်။

တစ်ယောက်ထိုင်ခုံပေါ်ကိုဝင်ထိုင်လိုက်ပြီး သူမက ရှေ့ကလည်ပင်းဖဲပြားလေးနဲ့အမေရိကန်ကပြားလေးကိုမျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီးတစ်ခွက်စပ်ခိုင်းတယ်။ ဘေးကရိပေါ်က သူမရောက်လာတာသိပေမယ့် ငြိမ်နေတုန်းပဲ။

ရှောင်အာက သူမကိုင်လာတဲ့အိတ်ထဲက လိပ်စာကဒ်တစ်ခုကိုထုတ်ပြီး ဝမ်ရိပေါ်ဘက်ကိုတွန်းပို့ပေးလိုက်တယ်။

" ဒီအပတ်ထဲ ရှောင်းကျန့်ရဲ့ Blind date နေရာ "

ဝမ်ရိပေါ်က ကဒ်ကိုဆွဲယူသွားပြီးအကြာကြီးငေးစိုက်ကြည့်နေတာကြောင့်

" ဒီတစ်ခေါက်ကတော့ ကောင်မလေးကအဆင်ပြေတာမို့ နင်တကယ်ကြီးလက်လွှတ်ရလိမ့်မယ် "

ရှောင်အာက အချက်အလက်အပြည့်အစုံနဲ့လိုချင်တဲ့ Blind date တွေကိုစီစဥ်ပေးတဲ့ကုမ္ပဏီမှာဦးစီးနေတယ်။ အစကသာမန်ပါပဲ တဖြေးဖြေးလူပြောများလာတဲ့နောက် လူတွေကသူမတို့ဆီအလုပ်အပ်ကြတာများတယ်။ ဒီထဲ ရှောင်းကျန့်အမေအပါအဝင်ပေါ့။

ဝမ်ရိပေါ်က သူပြန်ရောက်ထဲက ငါးကြိမ်မြောက်date မှာတင်မှီခဲ့ပြီး အခုလိုတွေ့မယ့်နေရာတွေကို ရှောင်အာ့ဆီကအကူအညီတောင်းပြီးလိုက်နေကျဖြစ်တယ်။

" နင်မပင်ပန်းဘူးလား ရိပေါ်.. နင့်မှာ ရှောင်းကျန့်တစ်ယောက်လုံးကိုစောင့်ရှောက်နိုင်ဖို့အင်အားရှိပြီပဲ ဒီတိုင်းလက်လွှတ်တော့မလား "

" ငါမရှိလဲ သူနေသားကျပါပြီ၊ သူပျော်နေတာပဲလေ "

" နင်ကတစ်သက်လုံးဘေးကနေမသိအောင်နေသွားမှာလား? သူအမျိုးသမီးတစ်ယောက်နဲ့လက်ထပ်လိုက်လည်းဖြစ်တယ်ပေါ့? "

Learning How To Love《 Completed 》Where stories live. Discover now