•5•

8.1K 1K 14
                                    

Unicode

ရှောင်းကျန့် စိတ်လှုပ်ရှားလွန်းလို့ သူ့​ခြေထောက်တွေလက်တွေတောင်တုန်ယင်နေတယ်။ ကျိယန်က သူ့အပေါ်ဘယ်လိုလုပ်ရက်ရတာလဲ ??

ပို့ထားတဲ့စာကို ၁၈ ကြိမ်မြောက်ထပ်ကြည့်လိုက်တယ်။

[ ဝမ်ရိပေါ်ကို လွှတ်လိုက်မယ် ]

ဝမ်ရိပေါ် ကိုလွှတ်လိုက်မယ်?

ပြန်စာကတိုတိုတုတ်တုတ်ပဲ။ ဒါပေမယ့် ရှောင်းကျန့်အတွက်တော့ အဆင်မ​ပြေဘူး။ ဝမ်ရိပေါ်ကရော သူ့ဆီကိုလာမယ်တဲ့လား။ ဒါကပိုလို့မဖြစ်နိုင်သေးတယ်။

ကျိယန်အကူအညီတောင်းလို့ လာရတာမျိုး ရှောင်းကျန့်တကယ်မလိုချင်ဘူး။ ပြီးတော့ဒီလိုအချိန်မှာ ဝမ်ရိပေါ်ရောက်လာရင်အုံကြွလာမယ့် မိန်းကလေးတွေကိုလည်းမမြင်ချင်ပြန်ဘူး။ ပြောရရင် သူအကျင့်မကောင်းတဲ့လူတစ်​ယောက်ဖြစ်နေပြီလား?

ဒီလိုမျိုးထိတွေးရအောင် ဝမ်ရိပေါ်နဲ့ သူက ဘာခေါင်းစဥ်အောက်မှာမှဆက်နွယ်ထားကြတဲ့လူတွေမဟုတ်ဘူး။ ဝမ်ရိပေါ်က သူ့ကို သကြားလုံးလေးတစ်လုံးကျွေးခဲ့ရုံပါပဲ။ ချစ်တယ် လို့ပြောခဲ့သည်မှမဟုတ်တာ။

ရှောင်းကျန့် သစ်သားထိုင်ခုံပေါ်စိတ်ပျက်လက်ပျက်ထိုင်ချတယ်။ အပြင်ဘက်ကနေဆူဆူညံညံအသံတွေကြားနေရတာတောင်သတိမထားမိတော့ဘူး။

" ဘုရားရေ အဲ့တာဝမ်ရိပေါ်မဟုတ်လား "

" ဝမ်ရိပေါ် က ငါတို့အခန်းထဲဘာလာလုပ်တာလဲ "

" မဟုတ်မှ.. သူ volunteer အတွက်လား "

" ဖြစ်နိုင်တာကိုပြောစမ်းပါဟဲ့ "

" ဝမ်ရိပေါ် Nude art အတန်းလာပြီး volunteer လုပ်တဲ့နေ့ ငါ သီလရှင်ဝတ်ပစ်လိုက်မယ် "

အတန်းထဲကို တစ်ခါမှမရောက်ဖူးပေမယ့် အပေါက်ဝနားရောက်တာနဲ့ လူအနည်းစုကြားထဲ ရှောင်းကျန့်ကိုအရင်ရှာလိုက်တယ်။ တန်းတန်းမတ်မတ်ပဲ စိတ်ဝိညာဥ်လွင့်သလိုငြိမ်ပြီးထိုင်နေတဲ့ရှောင်းကျန့်ဆီကိုသွားတော့တယ်။

ငုံ့ထားတဲ့ခေါင်းတွေက ရှေ့မှာပထမဦးဆုံး sneaker ဖြူဖြူကိုတွေ့လိုက်ရတာမို့ မော့ကြည့်လာတဲ့မျက်လုံးတွေ

Learning How To Love《 Completed 》Where stories live. Discover now