•27•

7K 850 8
                                    


Unicode


ရှောင်းကျန့်နိုးလာတဲ့အချိန်မှာ သူရောက်နေတဲ့အခန်းကြောင့် ပထမဆုံးရှာမိတာကဝမ်ရိပေါ်ကို။ မနေ့ညက ရိပေါ်သူ့ကိုပစ်မထားဘူး။ ရိပေါ်က သူ့ကိုအိမ်ထဲထိခေါ်ခဲ့တယ်။

အခန်းတံခါးဖွင့်ဝင်လာတဲ့နောက် ရိပေါ်က ငုတ်တုတ်ထိုင်နေတဲ့ သူ့ကိုတစ်ချက်မျှသာကြည့်လာပြီး အဝတ်ဗီဒိုထဲက အဝတ်တွေကိုဆွဲထုတ်တယ်။ ပြီးတော့ ကုတင်ခြေရင်းအစွန်းမှာတင်ထားတဲ့ခရီးဆောင်အိတ်ထဲထည့်ရင်း

" မျက်နှာသစ်သွားလိုက် ပြီးရင် မင်းအိမ်ကိုပြန်လိုက်ပို့ပေးမယ် "

ထိုစကားပြောတာတောင် ဝမ်ရိပေါ်ကတစ်ချက်လေးမှလှည့်ကြည့်လာတာမဟုတ်ဘူး။ သူ့အလုပ်သူဆက်လုပ်နေခဲ့တာ။ ရှောင်းကျန့်က နေရာကနေထလိုက်ပြီး ရိပေါ်အဝတ်တွေလှမ်းထည့်နေတဲ့အိတ်ကိုလက်နဲ့ကာလို့ပိတ်လိုက်တော့ဘာလုပ်တာလဲ ဆိုတဲ့မျက်ဝန်းတွေနဲ့ ရှောင်းကျန့်ကိုငုံ့ကြည့်လာတယ်။

" ဘာလို့အကုန်သိမ်းနေတာလဲ "

" ဒီတိုက်ခန်းကိုရောင်းလိုက်ပြီ "

" ဒါဆိုရိပေါ်ကရော "

" သိဖို့မလိုဘူး "

အိတ်ကိုကာပြီးဆုပ်ကိုင်ထားရာကနေ ရှောင်းကျန့်က ထိုခရီးဆောင်အိတ်ကို ရုတ်တရက် ကုတင်ပေါ်ကနေတွန်းချပစ်လိုက်တာကြောင့် အဝတ်တွေလည်းထွက်ကျကုန်တယ်။

" မင်း ဘယ်လိုလုပ်လိုက်တာလဲ! "

" ဒီလိုတွေဖြစ်အောင် ရိပေါ်ကလုပ်နေတာပဲ "

" လာတော့ အိမ်ကိုအခုပြန်လိုက်တော့ ရှောင်းကျန့် .. မင်းကိုအရင်ပို့သင့်ပြီထင်တယ် "

ဝမ်ရိပေါ်ကသူ့လက်နှစ်ဖက်ကိုဆွဲခေါ်တဲ့အခါ ကုတ်တွယ်ပြီး ကုတင်ပေါ်ကနေမဆင်းတဲ့ဘဲတင်းခံနေတော့တယ်။ သူ့ခြေထောက်တွေကကုတင်ထောင့်နဲ့တွန်းကန်ထားပြီးကျောက်ချထားသလိုဖြစ်နေတော့ အားနဲ့ဆွဲခံရတဲ့အခါ အားခနဲတစ်ချက်ကိုဟန်လုပ်အော်မိတာနဲ့ ရိပေါ်ဘက်က ဆွဲတာလျော့သွားတယ်။

ဒီလူက ဘယ်တော့မှာသူ့ကိုနာကျင်အောင်လုပ်မှာမဟုတ်ဘူးဆိုတာကို ရှောင်းကျန့်သိတယ်။

Learning How To Love《 Completed 》Where stories live. Discover now