•10•

8.1K 978 42
                                    


Unicode


" ဒီနားကို လာခဲ့ "

" ကျွန်တော့်ကို ထိုးမလို့လား "

ရှောင်းကျန့်က ခေါင်းတွေခါယမ်းပြီးပေကပ်နေတယ်။ ခြေထောက်ထိထားလို့ ကုတင်ပေါ်ကနေစိတ်ရှိတိုင်းမဆင်းလာနိုင်တဲ့ ဝမ်ရိပေါ်က တကျစ်ကျစ်နဲ့ စိတ်မရှည်တော့ဘူး။ ဒီလိုပုံစံကိုမြင်ရလေ ရှောင်းကျန့်က အနားမကပ်ရဲလေ။

" လာ မထိုးဘူး "

" လက်မပါနဲ့ "

" မပါဘူး "

" ကတိပေးနိုင်လား "

" ရှောင်းကျန့် "

ခြေလှမ်းဆယ်လှမ်းလောက်တောင်မလှမ်းရလိုက်ဘူး ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ကုတင်ဘေးမှာတောင့်တောင့်လေးလာရပ်တယ်။ ခန့်မှန်းရခက်တဲ့ဝမ်ရိပေါ်ရဲ့မျက်နှာက စိတ်တိုနေတာမျိုးတော့မရှိတာမို့တော်သေး၏။

" တောင်းပန်ပါတယ် "

ကျွန်တော် နားကြားမှားလိုက်တာလား?

အသံက တကယ့်ကိုတိုးတိုးလေးနဲ့ မပီမပြင်ဆိုပေမယ့်ဝမ်ရိပေါ်ဆီက ထွက်တဲ့အသံဆိုတာသေချာပါတယ်။ ဒါပေမယ့် ရှောင်းကျန့်က သေသေချာချာအတည်ပြုချင်တာမို့ထပ်မေးလိုက်တယ်။

" ဘာပြောလိုက်တာ "

" အဲ့နေ့က လွန်တာကိုတောင်းပန်တယ်လို့ "

တကယ်ကြီး ဝမ်ရိပေါ်ကတောင်းပန်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို!

အဲ့နေ့က လွန်တာက စိတ်ပိုင်းဆိုင်ရာကိုထိခိုက်ခဲ့လို့ ခွင့်လွှတ်ချင်စရာမကောင်းပေမယ့် သူကလည်း ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်အောင်လုပ်ခဲ့ပြီးပြီပဲ။ ဝမ်ရိပေါ်ကိုသဘောကျတာက ကျတာဆိုပေမယ့် ထိုနေ့ညကိုပြန်တွေးတိုင်း စိတ်ထဲလတ်လတ်ဆက်ဆက်ခံစားနေရတုန်း။

" နောက်မကျသေးဘူးမှတ်လား "

" ဘာကိုလဲ "

" တွဲကြမလား "

ဆေးရုံခန်းက တိတ်တိတ်ဆိတ်ဆိတ်။
ရင်ခုန်သံလိုတဒိတ်ဒိတ်ကဘယ်သူ့ဆီကမှန်းမသိဘူး။

ရှောင်းကျန့်က မော့ကြည့်နေတဲ့ဝမ်ရိပေါ်ရဲ့မျက်နှာကိုတစ်ချက်သာကြည့်လိုက်ရင်း အကြည့်လွှဲပစ်လိုက်ပြီးနောက်ချက်ချင်းဖြေပေးတယ်။

Learning How To Love《 Completed 》Where stories live. Discover now