•22•

6.9K 865 14
                                    

Unicode

" ဟုတ်တယ်မှတ်လား ရိပေါ် သေချာကြည့်ပါဦး အဲ့တုန်းက ကျွန်တော်မြင်ခဲ့တာနဲ့အတူတူပဲထင်တယ် "

ရှောင်းကျန့်က ဗြုန်းစားကြီးသူ့တိုက်ခန်းဆီရောက်ချလာပြီး အထက်တန်းတုန်းကပုံကိုသူ့ရှေ့ပြတော့တယ်။ ဆိုဖာမှာနှစ်ယောက်အတူကပ်ထိုင်နေပြီး ရှောင်းကျန့်က ဓာတ်ပုံကိုသေသေချာချာကြည့်နေတုန်းပဲ။

" သွားသွား.. ဟိုနေ့ကကျွန်တော်တွေ့ခဲ့တဲ့ ရိပေါ်ပုံလေးယူလာခဲ့ တိုက်ကြည့်ရအောင် "

" အဲ့တာက ကိုယ်ဘယ်မှာထားလိုက်မိလဲမသိဘူး "

" ရိပေါ်ကလည်းနော် "

အပြစ်တင်ချင်နေတဲ့အသံလေးနဲ့ နှုတ်ခမ်းရှိရာကိုနမ်းဖို့စိတ်ကူးယဥ်နေမိတုန်း ဒီအခြေအနေကြောင့်သိမ်းဆည်းထားရတယ်။ ရှောင်းကျန့်ကသူ့အနားကနေထသွားပြီး စာအုပ်စင်တွေကြားထဲရှာဖွေတယ်။

" အဲ့နေ့က ဒီကြားထဲကို ရိပေါ်ထည့်လိုက်တာပါ "

လူ့အရပ်ထက်မြင့်တဲ့နံရံကပ်စာအုပ်စင်ရှေ့မှာ လှုပ်တုတ်လှုပ်တုတ်နဲ့ရှာဖွေနေတဲ့ ရှောင်းကျန့်ကို သူကအနောက်ကနေပွေ့ဖက်လိုက်ပြီးမျက်လုံးတွေမှိတ်လို့မှီထားလိုက်တယ်။

" ကူရှာရမယ်လေ "

" ဘာလို့ရှာနေမှာလဲ အရင်ကပုံလေးတစ်ပုံပဲဟာ "

ရှောင်းကျန့်ကသူရှိရာအနောက်ဘက်ကိုလှည့်လာတဲ့အခါ လက်တွေကတော့ခါးကိုဖက်လျက်သားဖြစ်နေခဲ့ပြီး ရိပေါ်က ရှောင်းကျန့်နှုတ်ခမ်းတွေတဖျက်ဖျက်နမ်းပစ်လိုက်တယ်။

" ကျွန်တော်တို့အထက်တန်းကျောင်းက တူနေမလားလို့ .. ရိပေါ် အရင်က ကျွန်တော့်ကိုမမြင်ဖူးဘူးလား.. အထက်တန်းကျောင်းမှာဖြစ်ဖြစ် "

" မသိတော့ဘူး သေချာကြည့်ရင်မတူဘူးထင်တာပဲ "

" အဲ့တာကြောင့် ရိပေါ်ရဲ့ပုံကိုရှာရမယ်လို့ပြောတာပေါ့ "

" ဗိုက်ဆာတယ် တစ်ခုခုချက်ရအောင် "

ရှောင်းကျန့်ရဲ့ခါးကနေဆွဲပြီးရိပေါ်ကထမင်းစားခန်းဘက်ကိုခေါ်သွားတယ်။ ချက်ရအောင် ဆိုတော့လည်း ရေခဲသေတ္တာကိုဖွင့်ပြီး ရှောင်းကျန့်မှာပြင်ဆင်ဖို့လုပ်ရတယ်။

Learning How To Love《 Completed 》Where stories live. Discover now