•19•

7.1K 937 13
                                    


Unicode

ရှောင်းကျန့်တို့တိုက်အောက်မှာ ရိပေါ်ရောက်နေပြီ။ ' ကျွန်တော် လာကြိုမယ် ' ဆိုတဲ့စကားကြောင့် အထဲကိုမဝင်ရသေးဘူး။

" အယ်.. ဒါ .. ဒါ ကျန့်ကျန့် ကောင်လေးမဟုတ်လား "

မတ်တပ်ရပ်စောင့်နေတုန်း လူကြီးတစ်​ယောက်အသံကြောင့် ရိပေါ်က ခေါင်းနည်းနည်းငုံ့ပြီးအရိုအသေပေးလိုက်တယ်။ ဘယ်သူမှန်းတော့မသိပေမယ့်လို့ပေါ့။

" မနေ့ကမင်းတို့စျေးဝယ်နေတာကို အန်တီမြင်လိုက်တာလေ .. ကျန့်ကျန့်မိဘတွေကိုသွားပြလိုက်တာလည်းအန်တီပဲလေ .. အခု လာတွေ့တာပေါ့ ဟုတ်လား "

သူမက စကားတွေအများကြီးပြောလာပြီး ထိုပြောနေတုန်းမှာလည်း ရယ်သံတွေတော်တော်များတယ်။ ဘာပြန်ပြောရမှန်းမသိတဲ့ရိပေါ်က ဘယ်သူမှန်းမသိတာကြောင့်ရော ရှောင်းကျန့်တို့နဲ့အမျိုးမတော်လောက်ဘူးဆိုတာကြောင့်ရော ကြောင့် ငြိမ်ရင်းသာဆက်နားထောင်တယ်။

" အန်တီက သူတို့အောက်ထပ်မှာနေတာလေ "

" ဟုတ် "

" မင်းကလူချောလေးပဲ .. မင်းလိုကောင်လေးမျိုးက ဘာလို့ကျန့်ကျန့်နဲ့တွဲရတာလဲ ကျန့်ကျန့်လည်းလူချောလေးပါပဲ မင်းတို့ရွေးချယ်မှုကိုနားမလည်နိုင်တော့ပါဘူး "

" အန်တီ့မှာ တူမတစ်ယောက်ရှိတယ်.. သူက ဆရာဝန်လေ "

သူမ ဘယ်ချိန်ထိစကားတွေရပ်ပြောနေမလဲ ရိပေါ်မသိဘူး။ လက်ထဲကကိုင်ထားတဲ့အမှိုက်ထုပ်ကိုသွားလွှတ်ပစ်ဖို့ သတိပေးလိုက်ရင်ကောင်းမလား။

" အသက်လေးမဆိုသလောက်လေးကြီးပေမယ့် တူမလေးက နုတယ် "

တူမ အကြောင်းကိုမမေးမိဘဲဆက်ပြောလာတဲ့အခါ ရိပေါ်ပြန်တောင်မတုန့်ပြန်လိုက်တော့ဘူး။ သူမ ကြည့်ရတာဘေးပတ်ဝန်းကျင်အပေါ်အရိပ်အကဲမကြည့်တတ်ဘူးထင်တယ်။

" ရိပေါ်! "

မျှော်တဲ့လူပေါ်လာတဲ့အခါ အနားကိုအပြေးရောက်လာတဲ့ မျက်နှာလှလှလေးကိုငေးကြည့်ရင်း တစ်ချက်ပြုံးပြလိုက်တယ်။

" ကျန့်ကျန့်ရောက်လာပြီပဲ.. အမှိုက်သွားပစ်ရအုံးမှာမို့ သွားလိုက်အုံးမယ်နော် "

Learning How To Love《 Completed 》Where stories live. Discover now