•12•

7.4K 924 14
                                    

Unicode


" ကျန့်ကျန့် ရည်းစားရနေတာလား "

ညစာထမင်းဝိုင်းမှာ မာမားဆီကမေးတဲ့စကား​ကြောင့် ထမင်းစားနေရင်းတန်းလန်းရှောင်းကျန့်တန့်သွားတယ်။ ပါပါးက ဝင်မပြောပေမယ့် ရှောင်းကျန့်အဖြေကိုတိတ်တဆိတ်စောင့်ဆိုင်းနေတာနဲ့တောင်တူတယ်။

လိမ်ပတ်တာမျိုးမလုပ်ဖူးတဲ့ သားဖြစ်သူအကြောင်းကိုသိတဲ့ မာမားက အဖြေဖြေဖို့ကိုစဥ်းစားနေတာနဲ့ သူမ သဘောပေါက်ပါတယ်။

" သားက မငယ်တော့တာ မာမားသိပါတယ်။ မာမားတို့ကိုတော့ အချိန်တန်အသိပေးရမယ်နော် ကောင်မလေးက သားအပေါ်ကောင်းတယ်မှတ်လား "

" ဗျာ.. "

ရှောင်းကျန့် ထမင်းတောင်ဆက်မစားနိုင်တော့ဘူး။ မားမာနဲ့ ပါပါးက သူ့ကိုကောင်မလေးရှိနေပြီလို့ထင်နေတယ်။ သာမန်ရိုးကျအတိုင်းသူမတို့တွေးမိတာလည်းမမှားပါဘူး။ သာမန်မဟုတ်တဲ့ ကျွန်တော့်ကြောင့်သာ .. ။

တစ်လ ပါပဲ မာမား
တစ်လပြီးရင် အသိပေးပါ့မယ်။

ညစာကအကြောင်းကို ညဘက်မှာ စာပို့ပြီးရိပေါ်ဆီ စနောက်လို့ ​ပြောဖြစ်သွားတယ်။ ကောင်မလေးထင်နေတယ်ဆိုတဲ့ အကြောင်းကိုပြောပြီးတာနဲ့ စာပို့နေရာမှရုတ်တရက်ထမြည်လာတဲ့ဖုန်းက ဝမ်ရိပေါ်ဆီက။

ခုပဲစာပို့နေတာဖြစ်ပြီး ချက်ချင်းဖုန်းဆက်လာတာကြောင့် ရှောင်းကျန့်နည်းနည်းတော့ကြောက်မိတယ်။ ဝမ်ရိပေါ် က အခုလိုစတာကိုစိတ်ဆိုးသွားပြီလားဆိုတာမပြောနိုင်ဘူး။ ထို့ကြောင့် ဖုန်းကိုင်လိုက်တာပြီး တိုးငြင်သာစွာ ရှောင်းကျန့်ကထူးလိုက်တာနဲ့ တစ်ဖက်က ..

" ကိုယ်နဲ့တွဲနေတာကိုမပြောလိုက်ဘူးမှတ်လား "

ဝမ်ရိပေါ်အသံက အလောတကြီးဖြစ်နေပြီး မတည်မငြိမ်အသက်ရှုသံတွေကြောင့်ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးစိုးရိမ်နေမှန်းကို ရှောင်းကျန့်ကသိလိုက်ပါတယ်။

ကျွန်တော့်မှာ ပြောပိုင်ခွင့်မှမရှိဘဲ။ ဝမ်ရိပေါ်ကကျွန်တော့်ကို မချစ်ဘူးလေ။

Learning How To Love《 Completed 》Where stories live. Discover now