•6•

7.9K 966 10
                                    

Unicode

မနက်ဖြန်ညမှာကျင်းပမယ့်ရှောင်အာ့ရဲ့ ၁၉ နှစ်ပြည့်မွေးနေ့ပါတီပွဲကို ရှောင်းကျန့်ကိုပါ ကဒ်လေးလာပေးပြီးဖိတ်သွားတယ်။

မိန်းကလေးတွေသူငယ်ချင်းမရှိဘူးတဲ့ ရှောင်းကျန့်အတွက် မွေးနေ့လက်ဆောင်ဝယ်ပေးဖို့အတွက်တောင် ခေါင်းကိုက်နေရတယ်။ ရှောင်အာက ပြီးပြည့်စုံတဲ့မိန်းကလေးလေ.. သူပေးမယ့်လက်ဆောင်က အကျိုးရှိပြီးအသုံးဝင်မယ့်ဟာမျိုးလေးပဲဖြစ်စေချင်တယ်။

[ ရှောင်အာ့ မွေးနေ့လက်ဆောင်ဘာပေးရင်ပိုကောင်းလဲ ]

ရှောင်းကျန့် သူတို့ group chat ထဲကိုစာရိုက်ပြီးမေးလိုက်တယ်။ group ထဲမှာလူစုံနေတာကြောင့် ဝမ်ရိပေါ်လည်းသေချာပေါက်ရှိနေလိမ့်မည်။ ရှောင်အာနဲ့အရင်းနှီးဆုံးကရိပေါ်ဖြစ်နေတာမို့ ရှောင်းကျန့်စိတ်လေး ကသိကအောက်ဖြစ်နေရတယ်။

ရိပေါ်က ရှောင်အာအတွက် လက်ဆောင်ပြင်ဆင်ပေးထားလောက်မှာပေါ့။

[ လက်ဆောင်မလိုဘူး.. ငါတို့သွားရင်ရပြီ ]

[ ရိပေါ်ကိုမေး ]

ယွီပင်းက မန်းရှင်းခေါ်ပြီးပြောထားတာကြောင့် ဝမ်ရိပေါ်လည်းဝင်ကြည့်ပြီးသွားပြီဖြစ်ပေမယ့် ဘာမှဝင်မပြောဘူး။ group ထဲမှာလည်း ဟောက်ရွှမ်းက ကျိရန်ကိုစကားတွေနဲ့တောင်ရန်စနေတာကြောင့် ကျိုးချန်က သူတို့နှစ်ယောက်ကို group ထဲကထုတ်ပစ်လိုက်စမ်းပါဟုထပ်ပို့ရင်း အဆုံးသတ်သွားတယ်။

အကူအညီမရမယ့်အတူတူ ရှောင်းကျန့် က သူ့အားသူကိုးတော့တယ်။ ညနေပိုင်းမှာ အိမ်ကနေထွက်ပြီး ညစျေးကိုသွားရတယ်။ ရှောင်အာ့အတွက် လက်ဆောင်ကိုရှာဖွေရင်း စားချင်တာတွေဝယ်ဖို့ ပိုက်ဆံအလုံအလောက်ပါယူလာခဲ့သေးတယ်။

ကျိယန်ကို အစားနဲ့မြူစွယ်ခဲ့ပေမယ့် မအားဘူးဆိုတဲ့ အကြောင်းပြချက်ကိုသာ ထပ်ခါထပ်ခါကြားရတာကြောင့် အတင်းလိုက်ဖို့မခေါ်တော့။

သူတစ်ယောက်ထဲလည်း အဆင်ပြေပါတယ်နော်..

... //

လက်ဆောင်ဗူးထည့်ထားတဲ့အိတ်ကိုငုံ့ငုံ့ကြည့်ရင်း ပျော်နေတဲ့ရှောင်းကျန့်ကလမ်းလျှောက်နေတာ ခုန်ဆွခုန်ဆွတောင်ဖြစ်တော့မယ်။ တန်ဖိုးမကြီးပေမယ့် ဒါက နွေးထွေးတဲ့လက်ဆောင်တစ်ခုဖြစ်လိမ့်မယ်လို့ ရှောင်းကျန့်ကတွေးမိတာကြောင့်လေ။

Learning How To Love《 Completed 》Where stories live. Discover now